(Unicode)
[နှစ် အနည်းငယ်ခန့်ကြာသော်]"Boss.....
"ဒီနေ့ ဘာအလုပ်မှလက်မခံဘူးနော် မမ ...
"ဧည့်သည် တွေ့ဖို့ရှိတယ်လေ Boss..
"ဒီနေ့ မားမားမွေးနေ့ ....
"Boss....
"တော်ပြီတော်ပြီ ကျွန်တော်ပြန်တော့မယ်..
ရုံးကထဲက ထွက်သွားတဲ့ Boss.. အတွင်းရေးမှူးဖြစ်တဲ့ လီမြောင်မေ့ တစ်ယောက် Boss ကိုလဲ ပြောမရ ဒီတော့လဲ အဲ့ အရေးကြီး ဧည့်သည်ကို သူသာ သွားတွေ့ရတော့မည် ။
Boss Xiao. ...က လွန်ခဲ့တဲ့ နှစ်လောက်ကမှ ကုမ္ပဏီ အသေးစားလေး တည်ထောင်ထားတယ် ကြီးကြီးတက် ကုမ္ပဏီကြီး မဟုတ်ပေမယ့် သူ့နေရာနဲ့သူ သူ့အဆင့်နဲ့သူတော့ ကုမ္ပဏီ လေးက လည်ပတ်နေသည် ။
Boss Xiaoက အရမ်းသဘောကောင်းသည် ဝန်ထမ်းတွေအပေါ်လဲ သဘောကောင်းသည် ကုမ္ပဏီ မှာ လူပေါင်း များစွာ ရှိတဲ့အနက် ထို လူပေါင်းများစွာ boss xiao အပေါ် မိသားစုလို သဘောထားသည် ...boss xiaoကလဲ တစ်ခြား သူဌေးတွေလို ငွေနဲ့ လုပ်တဲ့ သူဌေးမဟုတ်ပဲ စိတ်သဘောထားနဲ့ သနားညှာတာမှု နဲ့ ဝန်ထမ်း တွေကို မိသားစုလို ပေါင်းပြီး အလုပ်လုပ်သည်။
Boss xiaoရဲ့ ကုမ္ပဏီလေးက နိုင်ငံရက်ခြားက အလည်လာမယ့်သူ သို့မဟုတ် နိုင်ငံခြားက ဝင်ရောက်လာမယ့် ဧည့်သည်ကို ကြိုတဲ့ လုပ်ငန်းလေး ဖြစ်သည်...ဧည့်သည်တွေ စိတ်ကြိုက် သဘောကျစေရမယ့် ဝနိဆောင်မှုတွေ ရှိပြီး အိပ်စရာ နေစရာ စားစရာက အစ အသေးစိတ် ကူညီ ပေးသည် ... သဘောကောင်းပြီး ဧည့်သည်တွေ စိတ်ကြိုက် ဖြစ်စေတဲ့ ဒီ ကုမ္ပဏီ လေးကို သူဌေးအတော်အများကြားတော့ နာမည်ကောင်းရထားသည်။
ဒါအပြင် boss xiaoဟာ အခက်အခဲရှိတဲ့ ဘယ်သူ့ကိုမဆို ကူညီဖေးမတတ်ပြီး မိဘမဲ့ဂေဟာနဲ့ အဆင်မပြေတဲ့ ကျောင်းသားများကိုလဲ ကူညီပေးသည့် အဖွဲ့အစည်း လေးတစ်ခု ဖွဲ့ထားသည်။
မိဘ ဂုဏ်ကြောင့် သူဌေးဖြစ်လာသည်ထက် ကိုယ့်အားကိုယ်ကိုးပြီး အောက်ခြေကနေ တစ်ဖြေးဖြေး တက်လာရတဲ့ boss xiaoက လူဆင်းရဲတွေရဲ့ ဘဝကို ကောင်းစွာနားလည်ပေးသည် အောက်ခြေလဲ မလွတ်ခြေ ...ကုမ္ပဏီ ကဝန်ထမ်းတွေကတော့ boss xiaoကို သဘော ကျ ကျသည် ။
______________
"ဦး....ဘယ်လိုဖြစ်ပြီး...
"ဘေဘီ ဆီကိုပဲ တန်းတန်းမတ်မတ် ရောက်လာတာ...
"ကျွန်တော်တို့ကြားမှာ ဘာပတ်သ-တ်မှုမှမရှိတော့ဘူးလေ ...
"ဟုတ်တယ် ဘေဘီက ကိုယ့်ရဲ့ Sex ပါတနာ မဟုတ်တော့ဘူး ကိုယ့် ချစ်သူလေး ဖြစ်နေပြီ ...
"ကားရှေ့ကဖယ်ပေး ဦး ...ကျွန်တော် စကားအပိုတွေမပြောချင်ဘူး ...
"ကိုယ့်ကို တိုက်လိုက်လေ ...
"ဦး....
သိမ့်ကို အကြောတင်းပြီးခေါင်းမာတဲ့ လူကြီးပင် အရှက်လဲမဲ့သလို လုပ်ချင်ရင် ဘေးညာ လူရှိလား သင့်တော်ရဲ့လား ဘယ်တုန်းကမှ မတွေးခဲ့ဘူး။
ရှောင်းကျန့် စာကြိုးစားခဲ့ပြီး ဘွဲ့ရသည့်အခါမှာလဲ လုပ်ငန်းခွင်မှာ အလုပ်တွေ ကြိုးစားခဲ့သည် သူဖြစ်ချင်တဲ့ ဘဝတစ်ခုကို ရတဲ့အခါ သူ ဂတိပေးထားသလို မားမား ဖြစ်သူကို ခြံဝန်းလေးနဲ့အိမ်တစ်လုံး ဖြစ်အောင် လုပ်ပေးခဲ့သည် ...သူ့ရဲ့ ပထမ ရည်ရွယ်ချက်က ထိုအရာဖြစ်ပြီး ဒုတိယအချက်ကတော့ ရိပေါ် ဆီက ရထားတဲ့ ပိုက်ဆံတွေကို ပြန်ဆပ်ဖို့ဖြစ်သည်။
သူနဲ့ရိပေါ် ဟာ Sex ပါတနာတွေ ဖြစ်ကျသည် သူဟာ ရိပေါ် ထောင်ပံ့မှုကို ရယူခဲ့ပြီး ရိပေါ်က သူ့ဆီက သာယာမှုတွေကို ယူသည် နှစ်ဦး သဘောတူခဲ့ကျသည် ဆိုပေမယ့် တစ်ဇွတ်ထိုးဆန်ပြီး သူ့ဘဝတွေအထိ ဝင်စွတ်ဖက်တဲ့ ရိပေါ်ပုံစံကို သဘောမကျပါ ဒါကြောင့်လဲ ငွေတွေကို အချိန်တစ်ခုထိယူကာ ပြန်ပေးခဲ့သည် ရိပေါ်ကို သူပိုက်ဆံတွေ ပြန်ပေးခဲ့ရင် သူ့ကို ရိပေါ်ကပ်တွယ်နေတာက လွတ်မည်ထင်ခဲ့သောလဲ အနည်းငယ်တော့ လွဲချော် နေသည်။
နေ့ရက်တိုင်း မဟုတ်ပါသောလဲ သူ့ဆီကို အမြဲ ရောက်ရောက်လာတဲ့ ရိပေါ် ... ရောက်လာပြီးတိုင်းလဲ တစ်ခါတစ်လေ သူသဘောမကျပဲ အတင်းလုပ်ယူသည် ဒါတွေကို ရှောင်းကျန့် ကတော့ သဘောမကျလေပါ ....
"ဦးဝမ်ဝမ်...လူတွေရှိနေတယ် ခင်ဗျား မရှက်ဘူးလား...
"ဟင့်အင် ...ဘယ်သူ့ကို ဂရုစိုက်ပြီးရှက်ရမှာလဲ ကိုယ်ဂရုစိုက်တာ ဘေဘီပဲ ရှိတယ် ...