Ep.2🔞

9.1K 252 24
                                    

Unicode
အပြင်ဘက်ကကြည့်ရင် ဆိုင်က သာမာန် စားသောက်ဆိုင် ဆိုပေမယ့် အတွင်းဘက်ဝင်သွားတော့ စိမ်ခံ အခန်းတွေ ရှိသည် ဆိုင်အတွင်းဘက် နေရာကလဲ အတော်လေး ကျယ်သည် သူအလုပ်လုပ်ဖူးတဲ့ စားသောက်ဆိုင်တွေနဲ့ ယှဥ်ရင်တော့ ဒီဆိုင်က အထက်တန်းလွှာဆန်သည်။

"မင်းကိုယ်ပေါ်က အညစ်အကြေး တစ်ချို့ကို ဆေးကြော လိုက်ပြီးရင် ဒီအဝတ်ကို လည်းလိုက် ဒီက တည့်တည့်သွား ဘယ်ကျိုးလိုက်ပြီးရင် အခန်း 108ကို ဝင်သွားလိုက် ....

"ဟုတ်...

မန်နေဂျာ ပေးတဲ့ အင်္ကျီ ကို လှမ်းယူလိုက်သည် ပြီးတော့ အခန်းထဲ ဝင်လိုက်သည် ။

အရက်သောက်ပေးရတာ ရေချိုးဖို့လိုသလားတွေးမိပေမယ့် သူ့ခန္ဓာကိုယ်ဟာ ရေမချိုးထားတဲ့အပြင် ချွေးတွေပါစိုနေတာမို့ အနံအသက်မကောင်းပါ ရေချိုးလိုက်တာလဲ ကောင်းသည်လေ ...။

အခန်းထဲရောက်တော့ ရှောင်းကျန့် ကို အ့သြစေသည် အခန်းဟာ အထက်တန်းလွှာ သူဌေးတွေနေတဲ့ ပုံစံအခန်းမျိုး ဟိုတယ်မဟုတ်ပေမယ့် အဆင့်မြှင့်ဟိုတယ် တွေမှာ ရှိတဲ့ စိမ်ခံအခန်းမျိုးပင် စိမ်ခံချင်တာတွေ အသာထား ရေချိုးခန်ူ အမြန်ဝင်ပြီး ရေချိုးရသည် ။

ဒီလို လုပ်ရတာ သူတစ်ယောက်ထဲ မဖြစ်နိုင် ရေချိုးခန်းထဲမှာ ရေချိုးဆပ်ပြာ မျက်နှာသစ် ခေါင်းလျှော်ရည်ဆပ်ပြာ စတဲ့ ရေချိုးရင်လိုမယ့် အသုံးအဆောင် ရေချိုးပြီးရင်လိုအပ်မယ့် အရာတွေ အပြည့်ပင် ။

ဒီလို အပြင်ကကြည့်ရင် သာမာန် ဆိုင်လေးရဲ့ အတွင်းဘက်မှာ ဟိုတယ် စားသောက်ဆိုင် ကြီးတစ်ခုလို ခန်းနား နေတာကတော့ ရှောင်းကျန့် ကို အ့သြစေသည် သူအဖော်ပြုပေးရမယ့် သူဌေးကလဲ သာမာန် သူဌေးတစ်ယောက်မဟုတ်တာတော့ တွေးလိုက်မိသည် ။

ရေချိုးပြီးတော့ ကိုယ်ပေါ် သပတ်ပက်လိုက်ပြီး အစောက မန်နေဂျာ ပေးလာတဲ့ အဝတ်ကို ယူလိုက်သည် ။

"ဟင် ဒါပဲလား ...

အဝတ်ကို ယူလိုက်တော့ သူဝတ်လိုက်ရင် ပေါင်လည်လောက်ပဲ ရှိမယ့် အင်္ကျီ လက်ရှည်တစ်ထည်

ဦးဝမ်ဝမ်"𝑫𝒂𝒅𝒅𝒚🔞[𝑶𝒏𝒈𝒐𝒊𝒏𝒈]Where stories live. Discover now