Ep.41⛔🌚

1.9K 57 5
                                    

Unicode

"အ့ဟင်း အကိုကျန့် အခန်းကြီးက လည်နေတယ်

"ဟင် ဘယ်မှာလဲ ...

အခန်းထဲ ဖြစ်ချင်တိုင်းတွေ ဖြစ်နေကျတဲ့ နှစ်ယောက် ။ နှစ်ယောက်လုံးက အရက်သိမ့်မသောက်နိုင်ကျတဲ့အပြင် သောက်ပြီးရင်လဲ အငြိမ်နေကျတဲ့သူတွေ မဟုတ်တော့ အခန်းထဲ အရက်များအမူးလွန်ပြီး ကလိုက် ခုန်လိုက် နဲ့ ကလေးတွေ ကစားနေတာနဲ့တောင် ဆင်တူနေသည်။

ချန်ယီဟာ စိုဖာပေါ် ပက်လက်လှန် အိပ်ချလိုက်ပြီး အပေါ်ကို မော့ကြည့်ကာ ချာချာလည်နေတဲ့ အခန်းကြီးကို မြင်ရတာမို့ ဒီလောက်ထူးဆနိးတဲ့အရာကို ရှောင်းကျန့် ကိုပါ ပြဖို့ ပြင်သည်။

ချန်ယီက လက်ကနေလှမ်းဆွဲတော့ ယိုင်တီးယိုင်တိုင်နဲ့ ရှောင်းကျန့် ချန်ယီဘေး လှည်းအိပ်ချလိုက်ကာ ချန်ယီကြည့်တဲ့ အပေါ်ကို ကြည့်သည် အပေါ်မော့ကြည့်တော့ သူ့လဲ ချန်ယီလို သူတို့ ရှိနေတဲ့ အခန်းကြီး လည်နေတာကို တွေ့လိုက်ရသည်။

"အကိုကျန့် အေ့ တွေ့လား လည်နေတယ် ဟားးဟားး

"ဟုတ်တယ်  အ့ဟင့် လည်နေတယ် အေ့ ငါတို့ကောင်းကင်ပေါ် ရောက်နေတာလား ..

"ဟင် ...

"ဟိုမှာ ကြယ်တွေ ကြယ်တွေကအရောင်စုံ အေ့ အတော် လှသား...

ရှောင်းကျန့် ကပြောတော့ ချန်ယီကလဲ ခေါင်းညိတ်လက်ခံသည် ပြီးတော့ သူတို့မြင်နေရတဲ့ ကောင်းကင်က ကြယ်ရောင်စုံတွေကို ရီနေကျပြန်သည်။

တကယ်တော့ သူတို့ ပြောတဲ့ အခန်းလည်နေတယ်ဆိုတာ အခန်းကလည်နေတာမဟုတ်ပဲ မီးသီးဟာ အလင်းရောင်အမျိုးမျိုးပြောင်းပြီး လည်နေတဲ့ မီးသီးဖြစ်သည် သူတို့ မြင်နေရတဲ့ ကြယ်တွေကလဲ ထိုမီးသီးထံက အလင်းရောင်စက်တွေသာ ဖြစ်သည်။

"တစ်ခု သုံးခု လေးခု ...

"ဟင်း ချန်ယီ မှားနေတယ် နှစ်ခု ကျန်ခဲ့တယ် အေ့...

အပေါ်ဘက်ကို လက်ညိုးထိုးလို့ ကြယ်တွေကို ရီနေခဲ့တဲ့ အရက်မူးနေတဲ့ ကလေးနှစ်ယောက် စိုဖာပေါ် တစ်ယောက်ပေါ် တစ်ယောက်ခြေထောက်ပြစ်တင်ရင်း သုံးလေးနှစ်ကလေးနှစ်ယောက် ကစားနေကျသလိုပင် ။

ဦးဝမ်ဝမ်"𝑫𝒂𝒅𝒅𝒚🔞[𝑶𝒏𝒈𝒐𝒊𝒏𝒈]Where stories live. Discover now