Ep.27

1.9K 93 21
                                    

(Unicode)

"Boss....

"အင်း...

"ကျွန်တော် တို့ သူတို့ ရှေ့ ပြန်ပေါ်သင့်ပြီထင်တယ် ... Company မှာရော အဖွဲ့မှာရော Bossကို လေးစားမှုမရှိကျတော့ဘူး ...

"ဝမ်းရှန်း.... အခု အချိန် လေယာဉ် နဲ့ဆို အဲ့နေရာကို ဘယ်နှစ်နာရီကြာမလဲ ..

"အင် အခုချက်ချင်းသွားရင် 5:00လောက်ရောက်မယ် Boss...

"လေယာဉ် လက်မှတ်ဖြတ်လိုက် .....

ရိပေါ် အမိနိ့ကြားသည်နဲ့ ဝမ်းရှန်းဟာ လက်ထဲက ဖုန်းနဲ့ အနည်းငယ် အလုပ်ရှုပ်သွားပြီး  Driverကတော့ လေယာဉ် ကွင်းကို သွားသည် ။

"စခန်းကို တန်းသွားမလား ဒါမှမဟုတ် Hotel အရင်သွားမလား...

"စခန်းကို ... အဖွဲ့သားတွေ ကြည့်မယ်...

  ရိပေါ်ဟာ ငယ်ငယ်က ပင်ပန်းမှုတွေကြောင့် အေးအေးဆေးဆေး နေချင်သူဖြစ်သည် Wang Company ကြီးကလဲ သူ့လက်အောက်မို့ အားလုံးက ဒီတိုင်းပဲ ဆက်သွားနေမယ် ထင်ထားသည် ဒါပေမယ့် ဒါတွေက သူ့အထင်ဖြစ်နေတယ် သူ့ကို ရန်လာလာ စတဲ့ လူတွေ ...

   သူ့ကို လုပ်ကြံတဲ့ လူတွေကလဲ မနည်းတော့ လုပ်ကြံခံနေရတာလဲ အကြိမ်ရေမနည်းတော့ဘူး ပြသနာတွေမဖြစ်ချင်တဲ့ ရိပေါ်က သာမာန် စားသောက်ဆိုင် ပိုင်ရှင်အဖြစ်နဲ့ နေနေခဲ့တယ် သူ့အဖွဲ့သားတွေကိုလဲ ဒီတိုင်း ထားထားပြီး ကုမ္ပဏီ ကိုလဲ နောက်ကွယ်ကသာ ထိန်းချုပ် ပြီး သူ့ဘာသာ အေးဆေးနေသည် သူသဘောကျတဲ့ ကောင်လေးကိုပဲ အာရုံစိုက်ထားသည် ။

ဒါပေမယ့် တစ်ဖက်လူတွေက သူ့လို မဟုတ်တော့ သူ့ဒေါသကို လာလာ စွကျသည် ...။

  အချိန် တစ်နာရီကျော်လောက်အကြာတော့ စခန်းဆိုတဲ့ နေရာကို ကားနဲ့ ရောက်လာခဲ့ကျသည် ... တောထဲမှာ ရှိတဲ့ စခန်းတစ်ခု ဆိုပေမယ့် အဆောက်အဦးကတော့ ကြီးမားသည် လူ အယောက် 300လောက် နေထိုင်လို့ ရတဲ့ နေရာကျယ်ကြီး တစ်ခုပင် ...

အဆောက်အဦး ပတ်ပတ်လည်ကို အုတ်သားများနဲ့ ခိုင်ခိုင်ခန့်ခန့် ဝန်းရံထားပြီး တော်ယုံ ရှာမတွေ့လောက်အောင် သစ်ပင်ကြီးတွေ ဝါးပင်ကြီးတွေ ပြည့်နေသည် ။

ဦးဝမ်ဝမ်"𝑫𝒂𝒅𝒅𝒚🔞[𝑶𝒏𝒈𝒐𝒊𝒏𝒈]Where stories live. Discover now