Ep.35 ⛔🌚

2.4K 73 1
                                    

(Unicode)

" ကိုယ် ကိုယ်တို့ သာမာန် ချစ်သူတွေလို တွဲကြည့်ကျမလား....

"အင်း...

သူ့ကို တွန်းပြီး ကုတင်စွန်းမှာ ထထိုင်တဲ့ ရှောင်းကျနိ့ နှုတ်မှ "အင်း" ဆိုသော အသံကိုသာ ကြားလိုက်ရသည်။

"ဟင် လက်ခံလိုက်တာလား... ဟုတ်တယ် မလား လက်ခံလိုက်တာမလား...

ကုတင်ပေါ် ထိုင်နေတဲ့ ရှောင်းကျန့် ရှေ့ ရိပေါ်ရောက်သွားပြီး ရှောင်းကျန့် ပုခုံးလေးကို ဆုပ်ကိုင်လို့ အောက်ကိုသာငုံ့ထားတဲ့ ရှောင်းကျန့် မျက်နှာလေးကို ငုံ့ကြည့်သည်။

"ဘေဘီ ဖြေပါအုံးကွာ ဟုတ်တယ်မလား လက်ခံလိုက်တာမလား....

"ဦးဗျာ အရမ်းမေးတာပဲ ရှက်လာပြီ..

ရိပေါ်ရဲ့ စိတ်လှုပ်ရှားစွာ မေးလာတဲ့ စကားတွေဟာ ရှောင်းကျန့် ကို ရှက်သွေးဖြာစေလေသည် ပါးလေးတွေပင် ရဲတက်လာသည်။

"ကိုယ် စိတ်လှုပ်ရှားလို့ပါ ကလေးရယ် ...

ရိပေါ်ဟာ သူ့ရှေ့က ကောင်လေးကို ပွေ့ဖက်လိုက်သည် ။

"ကိုယ်လေ မင်းကို ချစ်တယ်ကွာ....

"ကျွန်တော့်ကို ဘာကြောင့်ချစ်တာလဲ ...

ရင်ခွင်ထဲက အမေးသံလေး ကြားတော့ ....

"ချစ်ဖို့ အကြောင်းပြချက် မလိုဘူး.. ကိုယ့်မှာ ဖြေဖို့ အကြောင်းပြချက်မရှိဘူး ..တစ်ခုတော့ရှိတယ် ကိုယ်ပြောနေကျ မင်းကိုငါပိုင်တယ်မင်းခန္ဓာကိုယ်ကိုငါပိုင်သလိုမင်းဘဝကိုလဲငါပိုင်တယ်ဆိုတာက ကိုယ့်ကို ကိုယ်နှစ်သိမ့်ပြီး ပြောတဲ့ စကားတွေပဲ...

"ဟင် နှစ်သိမ့်တယ်...

"အင်း.. ကလေးကကိုယ့်ဆီက အချိန်မရွေးထွက်ပြေးမှာပဲလေ ကိုယ်ဆုံးရှုံးရမှာ ကြောက်တတ်လာတာ...

ဆုံးရှုံးမှုကြောင့် ဖြစ်ပေါ်လာမယ့် ခံစားချက်ကို မခံစားဖူးခဲ့တဲ့ သူ့လို လူဟာ တစ်ညတာကောင်လေးကြောင့် ဆုံးရှုံး မှုကြောင့် ဖြစ်ပေါ်လာမယ့် ခံစားချက်ကို သိလာတယ် ဆုံးရှုံး ရမှာကို ကြောက်တဲ့စိတ် ဖြစ်လာတယ်။

ဦးဝမ်ဝမ်"𝑫𝒂𝒅𝒅𝒚🔞[𝑶𝒏𝒈𝒐𝒊𝒏𝒈]Where stories live. Discover now