Ep.24🔞🚬

3.3K 107 8
                                    

   (Unicode)
သတိ !! စာသားကြမ်းများပါနိုင်သည် အဖြူထည် လေးများ ဝေးဝေးရှောင်ပါ🔞

ရှောင်းကျန့်နဲ့ ကျိုးချန် ထမင်းစားပြီးကျတော့ ဆိုင်ထဲက ထွက်လာသည် ရှောင်းကျန့် မျက်နှာ မကောင်းတာ ဘာကြောင့်လဲ သိတဲ့ ကျိုးချန်ကလဲ ဘာမှ မမေးပဲ အလိုက်သင့်လေးသာ နေပေးသည် ။

"ရိပေါ် မင်းဒီတစ်ခါမှာ ရှုံးနိမ့်ဖို့ ပြင်ထားပါ ငါဆိုတဲ့ ကောင်က ခွေးတစ်ကောင်လို မင်းအောက်ခြေမှာ နေခဲ့ရတဲ့ကောင်ပါ မင်းကို လူအားလုံးထက် ငါက ပိုမုန်းတယ် သဘောကောင်းတဲ့အချိန်တွေမှာ မင်းဘယ်လောက် ငါ့အပေါ် လေးစားမှုမရှိပါစေ ငါခံနိုင်တယ် ငါလဲ အမြဲကောင်းနေတဲ့လူမဟုတ်ဘူး ငါလဲ မင်းလို ယုတ်မာတတ်တယ် မင်းလို ယုတ်မာ ပြီး လူတွေကို အနိုင်ကျင့်တတ်တဲ့ကောင်ပါ "

"ကောကော...

"ဟင် ....

"ကျွန်တော် သွားစရာလေး ရှိလို့ ကောအရင်ပြန်နှင့်နော် ....

"Okလေ ဒါဆို ကိုယ်အရင် ပြန် လိုက်မယ်နော် နောက်ဆုံမယ် ...

"ဟုတ်ကဲ့ ကောကော...

ကျိုးချန်ဟာ ရှောင်းကျန့် ကို နှုတ်ဆက်ပြီးကားမောင်းထွက်သွားသည် ရှောင်းကျန့် ရှေ့မှာ ပြုံးနေပေမယ့် ရှောင်းကျန့် ကွယ်ရာမှာတော့ ကျိုးချန် မျက်နှာဟာ ဒေါသတွေ အပြည့်နဲ့ပင် ။

ကျိုးချန်ကား ထွက်သွားလို့ မမြင်ရတော့သည်နဲ့ ဆိုင်ထဲ ကို ပြန်ဝင်လာခဲ့သည် ။

ရှောင်းကျန့်ရဲ့ ပြိုလဲနေပုံမြင်တော့ မန်နေဂျာ တစ်ယောက် သူ့ကိုသူ အပြစ်ရှိသလို ခံစားရသည် သူလုပ်လိုက်တာက ဒီလောက်ထိ ဖြစ်ပျက် သွားကျမယ်လို့ မထင်မိခဲ့ပါ ။

ရှောင်းကျန့်ဟာ သူစရောက်လာခဲ့သလိုရေချိုးပြီး ခန္ဓာကိုယ်ကို သန့်စင်ကာ ရိပေါ်နဲ့သူ စတွေ့ကျတဲ့ အခန်းဘက်ကို သွားနေသည် ပြီးတော့ အခန်းတံခါးကို အသာဖွင့်ပြီး ဝင်သွားသည် ။

အခန်းထဲမှာတော့ ရိပေါ်က ကုတင်ပေါ်မှာ စီးကရက် တစ်လိပ်ကို ဖွာနေသည် ... ပြီးတော့ တစ်က်ုယ်လုံး underwears တစ်ခုသာ ဝတ်ထားသည် ...

ဦးဝမ်ဝမ်"𝑫𝒂𝒅𝒅𝒚🔞[𝑶𝒏𝒈𝒐𝒊𝒏𝒈]Where stories live. Discover now