Ep.31

1.4K 81 7
                                    

(Unicode)
ကျွန်တော်က ဦးဝမ်ဝမ်ပြောသလိုပဲ မငြင်းဆန်နိုင်တဲ့လူ ...ကျွန်တော်မငြင်းဆန်နိုင်တာ ဦးဝမ်ဝမ်ကိုပါပဲ

ဦးကို မချစ်ဘူး အကြိမ်ကြိမ် ငြင်းနေပေမယ့် ကျွန်တော်က ဦးတစ်ချက်အမိနိ့ပေးတာနဲ့ နာခံတတ်နေတဲ့ စက်ရုပ်တစ်ရုပ်... ဦးဘက်က အမိန့်သံကို မငြင်းဆန်တဲ့ သခင့်အမိန့်နာခံတတ်တဲ့ အရုပ်တစ်ရုပ်လိုမျိုးပဲ....

ကျွန်တော် ဝမ်းနည်းတယ် ကျွန်တော့်တစ်သက်တာအထိတော့ ဒီအကြည့်ဒီစကားတွေဟာ ကျွန်တော့်အတွက် ပထမဆုံးအကြိမ်ပဲ ကျွန်တော်က ဆင်းရဲတယ် ကျွန်တော်ပိုက်ဆံရှာတယ် ကျွန်တော်ကြိုးစားတယ်..ဦးနဲ့ကျမှ အငယ်အနှောင်းလို့ လူတွေနှုတ်ခမ်းရွဲ့ပြောတာခံရတယ် ခြူစားတယ်ဆိုတဲ့ အကြည့်တွေ ခံရတယ် ဒါတွေကို ကျွန်တော် မလိုချင်တာ ဦးသိရက်နဲ့ .....

  .စျာပန ပွဲက ပြန်အလာလမ်း ကားပေါ် တစ်လမ်းလုံး ကားမှန်အပြင်ဘက်ကိုသာ ငေးကြည့်နေခဲ့တဲ့ ရှောင်းကျန့်  ရိပေါ် အခေါ်သံတွေကိုပါ လျစ်လျူရှူ့လာတဲ့ ရှောင်းကျန့်.... အိမ်အထိ ရောက်သည်တိုင် ရိပေါ်ကို စကားတစ်ခွန်းမပြောလာတဲ့ ရှောင်းကျန့်.....

"ဘေဘီ ...ဘေဘီ...!

အိမ်ထဲ ဝင်သွားတဲ့ ရှောင်းကျန့် ကို ကားပေါ်ကဆင်းပြီး လှမ်းခေါ်တဲ့ ရိပေါ်....

"ဘေဘီ...

သုံးလေးခွန်းလောက် ခေါ်တော့မှာ ခြေလှမ်းတွေကို ရပ်လိုက်တဲ့ ရှောင်းကျန့် ...

"ဘေဘီ.... ဘေဘီကို ကိုယ် ပေးစရာတစ်ခုရှိတယ်... ဘေဘီအတွက် သီးသန့် နောက်ဆို ကိုယ်တို့ နှစ်ယောက်အတူ အပန်းဖြေလို့ရမယ့် နေရာ....

ကျောခိုင်းထားတဲ့ ရှောင်းကျန့်ရှေ့ဘက်ကို ရိပေါ်ရောက်သွားပြီး လက်ထဲက သော့  တစ်ချောင်းကို ပြလာသည် ။

ရိပေါ် လက်ထဲက သော့ကို ရှောင်းကျန့်ဟာ တစ်ချက်လေးမှ မကြည့် ..ရိပေါ် မျက်နှာကိုသာ စိုက်ကြည့်နေသည် ။

"ဘေဘီ ကြိုက်လား... ကိုယ်စဥ်းစားနေတာ ပင်လယ်ဘက်မှာ အပန်းဟိုတယ်ဖွင့်မလားလို့ ကိုယ်တို့ အပန်းဖြေသွားရင် အေးဆေးအနားယူလို့ရတာပေါ့ ကလေးတွေဘာတွေရှိလာရင်လဲ ကလေးတွေနဲ့ အပန်းဖြေလို့ရတယ်လေ ....

ဦးဝမ်ဝမ်"𝑫𝒂𝒅𝒅𝒚🔞[𝑶𝒏𝒈𝒐𝒊𝒏𝒈]Where stories live. Discover now