Ep.16🔞

4.4K 152 8
                                    

(Unicode)
"ဦး....?? ဘယ်လို ရောက်လာတာလဲ...

"မင်းကိုလွမ်းလို့ မင်းရှိတဲ့ နေရာ လိုက်လာရတာပေါ့...

ချန်ယီကို နှုတ်ဆက်ပြီး အခန်းကို ပြန်ဖို့ လုပ်နေတဲ့ ရှောင်းကျန့် တစ်ယောက် သူ့ရှေ့မှာ ရပ်လိုက်တဲ့ ကားနက်တစ်စီးကြောင့် ခြေလှမ်းတွေ ရပ်သွားသည် နောက် ကားထဲက ထွက်လာတဲ့ ရိပေါ်ကြောင့် အ့သြသလို မေးခွန်းမေးလိုက်သည်။

"အလုပ်ပြီးရင် ပြန်လာမယ်ဆိုပြီး ဦးကပြန်မှမလာတာ...

" ကိုယ့်ချစ်ဇနီးလေးက ကိုယ့်ကိုလွမ်းနေတာလား

"ဘာဇနီးလဲ ကျွန်တော်ကယောင်္ကျားလေးနော် ဇနီးမဟုတ်ဘူး..

"အဲ့ဆိုတော့ ကိုယ့်အမျိုးသားလေးလား...

"တော်ပြီဗျာ အခုဘာလာလုပ်တာလဲ ...

"ဘေဘီ့ကို လွမ်းလို့ပါဆို...

"ကျွန်တော် အခန်းပြန်တော့မှာ မနက်ဖြန် ကျောင်းရှိတယ်...

"ကိုယ်နဲ့ လိုက်အိပ်...

"ကျွန်တော် ကျောင်းရှိပါတယ်ဆို...

"လုပ်ပါဘေဘီကလဲ နော် ကိုယ်နဲ့လိုက်အိပ် ဘေဘီမရှိရင် အိပ်တောင်မပျော်တော့ဘူး...

ကားမှန်ကနေ မြင်နေရတဲ့ Boss Wangရဲ့ အပြုအမူ ကြောင့် ကားခေါင်းခန်းက ယန်ယန်တစ်ယောက် ခိုးရီမိနေသည် အကြောင်းကတော့ အစောကပဲ အစည်းအဝေး ရုံးခန်းကြီးက လူအယောက် 20ကို ဖိန့်ဖိန့်တုန်အောင် လုပ်ခဲ့တဲ့ boss Wangက အကိုလေးရှေ့ကျတော့ ကလေးတစ်ယောက်ကို ချော့နေသလို လုပ်နေတာမို့ မြင်နေရတဲ့ ယန်ယန် မရိီမိမဲမနေတော့ပါ။

"ဦးနော် လိုက်အိပ်တယ်ဆိုတာ ရိုးရိုး မဟုတ်ဘူးမလား...

"နည်းနည်းပါ...

"ဦးက လူလိုလုပ်တာမှမဟုတ်တာ ကျွန်တော် ကျောင်းပျက်လို့မဖြစ်ဘူး...

"လုပ်ပါ ဘေဘီ့ရဲ့ စိတ်ချ ဂတိပေးတယ် မကြမ်းတော့ဘူး...

"တကယ်နော် ...

"အင်း....

လမ်းဘေးကြီး သူ့လက်ကို ဆွဲယမ်းနေတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့် လဲ မတတ်နိုင်ပါ မလိုက်မချင်း ခေါ်နေမှာသိလို့ လိုက်သွားပေးသည် ဂတိတော့ပေးပါရဲ့ ဂတိကတော့တည်ပါ့မလားပေါ့။

ဦးဝမ်ဝမ်"𝑫𝒂𝒅𝒅𝒚🔞[𝑶𝒏𝒈𝒐𝒊𝒏𝒈]Where stories live. Discover now