Ep.23🚬

2.6K 122 9
                                    

(Unicode)

စာမေးပွဲ ဖြေရမယ့် အချိန်ကို ရောက်လာခဲ့သည် အားလုံးကလဲ စာမေးပွဲခန်းထဲမှာ ဖြေဖို့အတွက် အသင့်ရှိနေတယ် ထိုအထဲမှ လူသုံးယောက် ကတော့ ...

သူ့ကို ရှောင်နေတဲ့ ရှောင်းကျန့်ကို လိုက်ကြည့်မိနေတဲ့ ချန်ယီ ..ချန်ယီကိုတော့ ကျွင်းရှောင်က ကြည့်နေသည်

ရှောင်းကျန့် ဟာ အချိန်တစ်ခုအထိလောက်ရှိပါပြီ သူ့ကို ရှောင်နေတာ သူ့ကိုတင်မဟုတ်ပဲ ယီပင်းနဲ့ ဒူချီကိုပါ ရှောင်နေသည် ၊

ဘာကြောင့်လဲ တွေးမိတိုင်း သူဘာလုပ်မိခဲ့လဲ ပြန်တွေးရသည်အထိ သူတို့ကြားမှာ ပြသနာတစ်စုံတစ်ခုမှ မဖြစ်ခဲ့ပါ ...

သူ့ကို စကားလဲ မပြော ထမင်းစားရင်လဲ သူ့ကို ရှောင်သည် အတူသွားနေကျ စာကြည့်တိုက် ကိုတောင် မလိုက်တော့ဘူး လုံးဝ သိသိ သာသာကြီး သူ့ကို ရှောင်နေတာဖြစ်သည်။

စာမေးပွဲကြီး ပြီးရင်တော့ သေချာပေါက် ချန်ယီ ရှောင်းကျန့်ကို ပွင့်ပွင့်လင်းလင်း မေးဖို့ တွေးထားသည် ။

အသီသီ အဖြေလွှာတွေကို ဖြည့်ပြီးသွားတော့ အခန်းထဲက ထွက်ကျသည် ရှောင်းကျန့်လဲ ဖြေပြီးတာနဲ့ အခန်းအပြင်ထွက်ပြီး လွယ်အိတ်ကို ယူကာ ထွက်လာခဲ့သည်...

အသစ်ဝင်ထားတဲ့ အလုပ်ဆီကို သွားမှာ ဖြစ်သည် အရင် အလုပ်ကလဲ ရိပေါ် နဲ့ ပတ်သ-တ်နေပြီမို့ ရှောင်းကျန့် မသွားချင်တော့ပါ ဒါကြောင့် တစ်ခြားအလုပ် ရှာထားသည်။

ဒီအလုပ်က အရင်ကအလုပ်တွေထက်တော့ ပင်ပန်းသည် ကားတွေကို ပြင်ရတဲ့ အလုပ်ဖြစ်သည် ကားပြင်ကားလုပ်ဆိုတာက သင်တန်းတက်ပြီးမှ အလုပ်ခန့်သည်မို့ သူကတော့ ကားရေဆေးနဲ့ ကားပြင်တဲ့ လူတွေခိုင်းသမျှ တောက်တိုမည်ရ လုပ်ရသည်။

ပင်ပန်းပေမယ့် ကောင်းပါသည် စာကြည့်ချိန်လဲ ရသည် အလုပ်ထဲမှာ အလုပ်မှန်သမျှ အတင်းခိုင်းကျပေမယ့် မလုပ်လို့မှ မရတာ လုပ်မှ ဖြစ်မည်လေ ။

_____

"အကိုယီပင်း... အကိုကျန့်က ဘာဖြစ်နေတာလဲဟင်...

"ဟင့်အင် မသိဘူး မင်းနဲ့ပိုနီးနီးကပ်ကပ်နေတာ မင်းတောင်မသိတာ ငါတို့ဆို ပိုဆိုးပေါ့ ဒါနဲ့လေ အဲ့ကောင်က အခုလို နေတာတော့ ဒါပထမဆုံးပဲ ... ပြသနာတစ်ခုခု ဖြစ်နေတာ နေမှာ ...

ဦးဝမ်ဝမ်"𝑫𝒂𝒅𝒅𝒚🔞[𝑶𝒏𝒈𝒐𝒊𝒏𝒈]Where stories live. Discover now