.Unicode
.
' မေမေ့ ဟီးဟီးဟီး အင့်ရွှတ် '....... ရှိုက်ကြီးတငင် ငိုလာသော ခြောက်နှစ်သား မင်းခန့်ညားလေး...' သား ခန့်ခန့် ဘာဖြစ်လာတာလဲ ' ... ငိုခဲလှသောသားကြောင့် အကြည် ထိတ်လန့်တကြား......
' ဦးအောင်ဘ က ပြောတယ် ဖေဖေနဲ့မေမေကို အငယ်လေးမွေးခိုင်းတဲ့ မဟုတ်ရင် ကြီးလာတော့ တိုင်ပင်ဖော်မရှိဘဲ တစ်ယောက်တည်းဖြစ်မှာတဲ့ အီးဟီးဟီး '
ချစ်မင်းပါ သားငိုသံကြောင့်ရောက်လာကာ
' တယ် ဒီအောင်ဘ ကတော့ ငါ့သားကို ငိုအောင် စ ပြန်ပြီ ။ လာသား ဖေဖေ့ဆီ ဖေဖေပြောလိုက်မယ် နောက်မစဖို့ '' ဦးအောင်ဘ.... ဦးအောင်ဘ ကို ဖေဖေ မေမေနဲ့လည်း တိုင်ခဲ့ပြီ ခု ဦးမောင်နဲ့ သွားတိုင်မယ် ညနေ တီတီနွယ်ရုံးကပြန်လာလည်း တိုင်မယ်
ဦးအောင်ဘ ကို ဆူခိုင်းမယ် ဟင့်ဟင့် 'မခံမရပ်နိုင် ရန်ပြန်တွေ့သော သားကို ကြည့်တာ ချစ်မင်း နှင့် အကြည် သက်ပြင်းချမိသည်။
ကလေးက မယူတာမဟုတ် မင်းခန့်ညားလေး မွေးပြီး တစ်လခွဲမှာ တားဆေးသွားထိုးလိုက်ပြီးကတည်းက မရတော့တာ ဖြစ်သည်။
' ဆေးရုံကြီးမှာ သွားစစ်ကြဦးစို့ အကြည်ရေ '
' အေး ငါလည်း သွားချင်နေတာ
မိနွယ်ကိုလည်း ခေါ်ရမယ် သူလည်း ကလေးမရသေးလို့ စိတ်ညစ်နေတာ '......နောက်တစ်ရက် လင်မယားနှစ်တွဲ ဆေးရုံကြီးသွားပြီး ဆေးစစ်ကြသည်။ တစ်ပတ်နေလို့ အဖြေသွားယူကြတော့ နွယ်က သားအိမ်အားနည်းလို့ ဟုဆိုကာ ဆရာဝန်ကို ဆေးပေးလေ၏။ ကိုမောင့်ကိုလည်း အမျိုးသမီးတင်မဟုတ် အမျိုးသားလည်း ချို့ယွင်းချက်အနည်းငယ်ရှိတယ်ဟုဆိုကာ သောက်ဆေးပေးပြီး ဆောင်ရန်ရှောင်ရန်တွေပါ ပြောပြလေသည်။
ကလေးမရနိုင်တဲ့ အတွဲမဟုတ်ကြောင်းပြောသဖြင့် နွယ်တို့မှာ အားတက်ရသေး၏။စိမ်းလဲ့ကြည်ကတော့ ရာသီစက်ဝန်းမှန်အောင်ဆိုကာ ဆေးပေးလေ၏။
စိတ်ထက်သည့် အကြည်က ဘယ်တော့လောက် ကလေးရနိုင်မလဲဆိုပြီး မေးသဖြင့် ဆရာဝန်က
STAI LEGGENDO
နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )
Storie d'amoreရွယ်တူ သူငယ်ချင်းနှစ်ယောက်က မွေးပေမယ့် အသက် ၁၂ နှစ်ကွာတဲ့ ကိုကိုနဲ့အူကြူးလေးတို့အကြောင်း