အပိုင်း - ၈ ( Uni + Zawgyi)

9.7K 191 0
                                    

Uni
.

.

ဆေးရုံ အခန်းထဲကိုရောက်တော့ နွယ်ကပင်ပန်းလွန်း၍ ထင်သည်။ အသက်မှန်မှန်ရှူကာ မှိန်းနေ၏။

အနှီးဖြူဖြူထဲက ကလေးနီတာရဲလေးကို ကြည့်ကာ ကိုမောင် ရင်ထဲ တသိမ့်သိမ့်တုန်နေသည်။

' သမီးလေး......'.....အသားဖြူတာလေးက နွယ်နဲ့တူသည်။ ဆံပင်ကောက်ကောက်လေးတွေက သူ့ကိုတူသည်။ ရုပ်ကလေးကတော့ သူနဲ့တူတာလိုလို နွယ်နဲ့တူတာလိုလိုပင်......

' ကလေးဖေဖေ.....'

'ဟုတ်ကဲ့ဗျ'.....သူနာပြုဆရာမဝင်လာ၍ ကလေးကို အကြည့်လက်ထဲ ခဏပေးလိုက်သည်။

' ဒီမှာနို့မှုန့်ထုတ်နော်'

..ဟုဆိုကာ နှို့မှုန့်ဖျော်ရမည့် ပုံစံနှင့် ကလေးကို ဝင်အောင်တိုက်ရန် ရှင်းပြပေးသည်။

' ခဏနေ ဆရာလာကြည့်လိမ့်မယ် '

' ဟုတ်ကဲ့ပါဗျ ဆရာမ '
.
.
.
.
.

ဆရာမက သုံးနာရီအတွင်းဝင်အောင်တိုက်ရမည်ဟုပြောသွားသော နို့ဘူးကို ဆရာမကြီးက တဂွပ်ဂွပ်နှင့် အကုန်သောက်ချလေသည်။

ကလေးသေးသေးလေးကို ဇွန်းသေးသေးလေးနှင့် နို့ခပ်တိုက်နေရတာမို့ ကိုမောင် အူတွေယားနေသည်။ အစားအသောက်မက်ချက်ကတော့ သူ့အမေအတိုင်းပင်.....

တွေးမိတုန်း နို့တိုက်နေတာ ရပ်သွားတော့ ဆရာမကြီးက ထအော်တော့သည်။

' အင့်.... အင့် '

' ဪ အေ...သမီးလေး ရော့..ရော့ '

အစာဝင်တော့မှ ငြိမ်သွားတော့သည်။
.
.
.

' ကိုမောင်...မိခင်ကို အားရှိစေမယ့်ဟာတွေကျွေးလို့ရတယ်နော်။ အိုဗာတင်းတို့ လောလောဆယ်ဆန်ပြုတ်ကျွေးထားနှင့်လို့ရတယ်။ ထိုင်နိုင်ပြီဆိုတာနဲ့ အစားကို အာဟာရပြည့်အောင်စားရမယ်။
နို့ထွက်ကောင်းအောင် ရေ၊ ဟင်းရည် များများသောက်ပေး ၊
မွေးလမ်းကြောင်းက ခွဲလိုက်တော့ ပြန်ချုပ်ထားတယ်။ ခဏနေ နာလာလိမ့်မယ် ဖိထိုင်ပေးနော် မကြောက်ရဘူး '

ဆရာက မှာစရာရှိတာမှာပြီး ဗိုက်ကို စမ်းကြည့်သည်။

' အင်း.....သားအိမ်တော့ ဝပ်သွားတယ်၊ ခြေတွေ လက်တွေလည်း မရောင်တော့ဘူး၊ ဝမ်းချုပ်မခံနဲ့နော်'

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Where stories live. Discover now