အပိုင်း - ၃၈

10.6K 211 28
                                    

Uni

.
.
.

ကိုးချစ် လက်စွပ်နဲ့ ဆွဲကြိုးကို သူငယ်ချင်းတွေက တဝိုးဝိုးတဝါးဝါးပင်...

ရတနာနှင့် ခင်ခင်ခက စေ့စပ်ပွဲကို သူတို့မသိအောင် လုပ်လိုက်လို့ စိတ်ကောက်နေကြသေးသည်။

" နာနာ နဲ့ ခခ ရေ...ဒီမှာ မုန့် ဟီးဟီး.... စိတ်မဆိုးကြနဲ့တော့ဟယ် နင်တို့ကလည်း...  မင်္ဂလာဆောင်ပါ မဖိတ်ဘဲထားလိုက်မှာနော်...''

ထုရိုက်ကြတော့တာမို့ ကိုးချစ် ရယ်ကာနေလိုက်သည်။

" သော်သော်... နင်တကယ်ကြီး မင်္ဂလာဆောင်တော့မှာပေါ့...''

ဝန်းရံခ အမေးကို ခေါင်းသာငြိမ့်ပြလိုက်သည်။

" ငါ့လည်း ဖိတ်ဦးနော်.... ''

" မဖိတ်စရာလားဟယ် ခ နှစ် ခ ရယ် ရတနာရယ် သုံးယောက်လုံး အဓိက...''

ဝန်းရံခက သွားစွယ်လေးတွေပေါ်သည့်အထိ ရယ်မောသည်။

" အေးပါ အေးပါ...''

........

ကျောင်းပိတ်ရက်ကျတော့ ကိုးချစ်တို့တွေ ဆိုက်ပတ်ကြည့်ကြရင်း ဝန်းရံခဦးလေးနဲ့ တွေ့တာမို့ မိတ်ဆက်ပေးသည်။

သဘောတော်တော်ကောင်းပြီး အေးဆေးသည်။ ဝန်းရံခကိုလည်း တော်တော်ချစ်သည်။

" အိမ်လည်း ခဏပြန်လာပါဦးကွ ခခရ... ''

" မကြည့်ချင်တဲ့မျက်နှာမြင်နေရမယ့်အစားတော့ အပြင်မှာ တစ်ယောက်တည်းပဲ ကောင်းပါတယ် လေးလေးရယ်...''

" ကိုကြီးက မင်းကိုချစ်ပါတယ်ကွ ငါ့တူရ...''

" အဟက်... ဟုတ်မှာပါ...''

ဝန်းရံခ ဦးလေးက ခေါင်းခါရမ်းသည်။ ကိုးချစ်တို့ကတော့ ဘာပြောနေကြမှန်းနားမလည်ပေ...

" ဟဲ့....ခခ နင်က အပြင်မှာ တစ်ယောက်တည်းနေတာလား...''

" အင်း...''

" ဘာလို့လဲ...''

" နောက်တော့ ပြောပါ့မယ်ဟာ...လာ... နောက်တစ်ဆိုက်ကူးကြစို့...''

ကိုးချစ်တို့ ဒီကုမ္ပဏီမှာ အလုပ်သင်ဆင်းခွင့်ရတာ ကံကောင်းသည်။ နေ့လယ်စာကျွေးပြီး လကုန်လျှင် ပိတ်ရက် ၈ ရက်စာ မုန့်ဖိုးပေးသေးသည်။ အကုန်လုံး သူ့ဦးလေးစီစဥ်ပေးတာဟု ကောင်းဝန်းရံခက ပြောသည်။

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Where stories live. Discover now