အပိုင်း - ၅၂

7.7K 226 21
                                    

Uni

.
.
.

တကယ်တော့ မင်းခန့်ညား... ကလေးနဲ့အတူနေနိုင်ဖို့ ဝန်းရံခကို အကူအညီတောင်းထားရတာဖြစ်သည်။

မင်းခန့်ညား မလာခင် တစ်ပတ်အလို...

" ဟယ်လို ''

" ဝန်းရံခလား ကိုခန့်ပါ ''

" ဟော ကိုခန့် ပြောပါဗျာ ''

" အကူအညီလေးတောင်းချင်လို့ပါကွာ... ''

" ဟုတ် ပြော ကိုခန့် ''

" တခြားတော့မဟုတ်ပါဘူး ကိုးချစ်ကို ကျောင်းအပြင်မှာ နေလို့ရအောင် လုပ်ပေးနိုင်လားလို့... အစ်ကို အိမ်ငှားလိုက်မယ် ''

" အင်းးးး... လေးလေးကိုပြောကြည့်လိုက်မယ် ကိုခန့်...''

ဝန်းရံခ ဦးလေးကို ဘယ်လိုပြောလိုက်မှန်းတော့မသိ။ ကျောင်းနဲ့နီးတဲ့နေရာမှာ ရုံးအငယ်ထိုင်ဖို့ အိမ်ဝယ်ထားတာရှိတယ်ဟုဆိုလာသည်။

အားနာတာမို့ ကိုယ့်ဘာသာပဲ အိမ်ငှားမည်ပြောတော့ ဝန်းရံခက ပြောမရ။ သူ့အကူအညီကိုလက်ခံပါ ဆိုလာတာကြောင့် အားနာပါးနာနှင့်ပင် နေရတော့သည်။
.
.
.

ညနေစောင်းထိ ကလေးကပေါ်မလာတာမို့ လည်တဆန့်ဆန့်စောင့်နေမိသည်။ အိမ်က သစ်လုံးအိမ်ပုံစံလေးမို့ အပြင်မှာ ထိုင်စရာတန်းလျားလေးတွေရှိသည်။

ထမင်းဟင်းတွေ ချက်ထားကာ တီဗွီလည်း အဆင်သင့်လုပ်ထားပြီးပြီမို့ ကလေးပြန်လာရင် အကုန်အဆင်သင့်ဖြစ်နေပြီ။ ဖုန်းဖွင့်ကာ ဟိုပွတ် ဒီပွတ်လုပ်ပြီး ဆက်မကြည့်တော့ဘဲ အိတ်ကပ်ထဲထည့်သိမ်းလိုက်သည်။ သူ့ကလေးပြန်လာမှာကိုပဲ စိတ်ကရောက်နေ၏။

သူဆေးရုံတွေ ဆေးခန်းတွေထိုင်တုန်းကလည်း ကလေးက ညစာစားဖို့ ချက်ပြုတ်ပြီးစောင့်နေခဲ့တာတွေကို မင်းခန့်ညား အမှတ်ရမိသည်။ ကလေး ဘယ်လိုခံစားပြီး စောင့်နေခဲ့တယ်ဆိုတာကို အခုတော့ ကိုယ်ချင်းစာတတ်လေပြီ။

ညမိုးချုပ်ကာနီးထိ ကလေးက ရောက်မလာတာမို့ မင်းခန့်ညား စိတ်ပူမိသည်။ ဖုန်းနံပါတ်ရှိပေမယ့် ဆက်လိုက်ဖို့ကို ချီတုန်ချတုန်ဖြစ်နေသည်။

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Where stories live. Discover now