အပိုင်း - ၄၆

8.2K 189 5
                                    

Uni

.
.
.
.

" ဆရာမင်းခန့်ညား ထွက်သွားပြီလား ညီမလေး ''

ကိုမင်းခန့်ညား ဆေးရုံလာထိုင်ချိန်ကို သိပြီးသားမို့ အဖြူ ဖေဖေ့ဆေးရုံကိုလိုက်လာရင်း မေးကြည့်လိုက်သည်။

" မထွက်သေးပါဘူးရှင့် မမဖြူ လူနာသုံးယောက်ရှိပါသေးတယ် ''

" ဪ အေ ''

ဘဏ်မှာ ငွေလာထည့်တိုင်း အဖြူက အမြဲကူညီပေးနေတာမို့ ဘဏ်က ကလေးတွေက ဝိုင်းစနောက်ကြသည်။ အဖြူကိုယ်တိုင်လည်း ရင်ခုန်မိသည်။ အိမ်ထောင်သည်မို့ ရှေ့ဆက်မတိုးသင့်မှန်း သိသည့်တိုင် ကိုမင်းခန့်ညား ကို ရင်ခုန်နေမိသည်။

အခုလည်း ပိုရင်နှီးခွင့်လေး ရလိုရငြားမျှော်လင့်ကာ သီတင်းကျွတ်ပိတ်တုန်း ထမင်းဟင်းချက်ကာ လာပို့တာဖြစ်သည်။ ဘဏ်မှာတွေ့ရင် ရိုးရိုးထက်မပိုဘဲ အဖြူကသာ သည်းသည်းလှုပ်နေရတာမို့ ထမင်းချိုင့်ကို လက်မခံမှာလည်း စိုးရိမ်မိသည်။ ဖေ့ဘုတ်မှာ friend ဖြစ်နေပေမယ့်လည်း ကွန်းမန့်မန့်တာတွေ ရီအက်ပေးတာတွေလည်း မလုပ်ဖြစ်။ မင်းခန့်ညား ကလည်း သူ့အကောင့်မှာ မင်္ဂလာဆောင်ပုံကိုပဲ တင်ထားပြီး တချို့ဆေးပညာရပ်ဆိုင်ရာလေးတွေတင်တာကလွဲပြီး ဘာမှသိပ်မတင်။
.
.
.
.

" ကလေးလေးရေ ကိုကိုက အဆီကျိတ်လေး ခွဲရမှာမို့ နည်းနည်းလောက်စောင့်နော် ဆိုင်ကောင်းကောင်းတွေ့ထားတယ် ''

ဆေးရုံနားရောက်နေပြီးမှ ကိုကိုက စာပို့လာတာမို့ ကိုးချစ် သက်ပြင်းချမိသည်။ မအားရင်လည်း မခေါ်ပါနဲ့လား။ ကိုးချစ်ကချည်း စောင့်နေရတာပဲ။

ဆေးရုံထဲဝင်လိုက်တော့ ဆေးကောင်တာနားမှာ ရပ်နေတဲ့ မမြသိမ့်ချယ်က လှမ်းကာနှုတ်ဆက်လို့ အံ့ဩရသည်။

" မမသိမ့် ဒီမှာရောထိုင်တာလား ''

" ဟုတ်ပ ကိုးချစ်ရေ မတွေ့တာကြာတော့ ပိုလှလာတယ် ''

" ဟီး ဟီး မမသိမ့်က ပိုလှတာ အသိသာကြီးကို ''

ကိုးချစ် ပထမဆုံးဓမ္မတာလာတော့ ဗိုက်နာပြီး ဆေးရုံတက်တုန်းက လာကြည့်ပေမယ့် ထိုအချိန်က အစ်မကို ကြောက်လို့ စကားပြန်မပြောခဲ့ပေ။ မကြင်နာဦးနဲ့ ပုံစံချင်းဆင်တူတာကိုး။

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Where stories live. Discover now