အပိုင်း - ၁၉ ( Uni + Zawgyi)

8.8K 228 5
                                    

Uni

.
.

အပြင်ထွက်လိုက်တော့ လာကြိုတဲ့သူတွေက များနေတာမို့ ကလေးတို့ကို ခန့်ညားမတွေ့မိပေ။....

.
.

" သားရေ....''

" ခန့်ခန့်....တီတီနွယ် တို့ ဒီဘက်မှာ..''

ဟော...တွေ့ပါပြီဗျာ....လူငါးယောက်လောက်အုပ်စုကြီးနဲ့လာကြိုကြတာဖြစ်သည်။ ကလေးကိုရှာကြည့်တော့မတွေ့ပေ.....

မေမေတို့က အပြေးအလွှားလာကြိုကြသည်။

" ကိုးချစ်ကရော...တီတီနွယ်...''

" သားညီမက ကျူတိုရီယယ် အရေးကြီးလို့တဲ့ သွားဖြေရတယ်...လိုက်ချင်တာမှ ပြာလို့.... ''

မင်းခန့်ညား စိတ်မကြည်တော့ပါ...

လူကသာ ကားပေါ်ပါလာရပေမယ့် ရုပ်က မှုန်ကုတ်နေတော့သည်။

" ကျူတိုရီယယ် ဖြေပြီးပြီးချင်း ပြန်ခဲ့မယ်ပြောတာပဲ သားရဲ့...ကျောင်းလစ်လာခဲ့မှာတဲ့....''

မေမေက သူ့စိတ်ကို သိနေသလို စိတ်ပြေအောင်ပြောပေးပေမယ့် စိတ်က ပြန်ကြည်မလာပါ.....

💭 ပြန်ရောက်ရောက်ချင်း မျက်နှာလေးမြင်ချင်တာကို ကျူတိုရီယယ် ဘာအရေးကြီးတာမှတ်လို့.....

💭 မဟုတ်သေးပါဘူးလေ.....ဖြေပြီးရင်တွေ့မှာပဲကို အရေးကြီးတာပေါ့ ဖြေရမှာပေါ့......

💭 နေပါဦး.... ပြန်ရောက်ရောက်ချင်းလေးတောင် လာမကြိုပေးနိုင်တာ...
နောက်ဆို သူနားကနေ ပိုခွာခွာနေတော့မှာလား.......

" ဟားးးးးး...''

ကလေး သူ့ကို လာမကြိုတဲ့ကိစ္စအား တစ်ယောက်တည်း တောင်ရောက် မြောက်ရောက်တွေးနေရင်း ပါးစပ်က အသံအကျယ်ကြီးထွက်သွားတာကိုပင် သတိမထားမိ.....

ဖေဖေက ကားမောင်းရင်း လှမ်းကြည့်တော့မှ တွေးနေတာကို အရှိန်သတ်ရလေသည်။ တွေ့မယ် ​အိမ်ရောက်လာပါစေဦး.......

.
.
.

ကျူတိုရီယယ်ဖြေဖို့ ရှစ်နာရီခွဲအရောက်ခေါ်ထားပြီး ဆရာမက မလာတာကြောင့် ကိုးချစ် စိတ်ဒုက္ခ ရောက်ရသည်။

" မီမှာပါ သော်သော်ရယ်....အိမ်ရောက်မှ တွေ့လည်း ရသားပဲ..''

ရတနာက လေပြေသွေးနေတာမို့ ကိုးချစ် မျက်စောင်းထိုးချလိုက်သည်။

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Where stories live. Discover now