အပိုင်း - ၅၄

7.9K 216 10
                                    

Uni
.
.
.

ကလေးမေ့လဲတာ တစ်နာရီနီးပါးလောက်ကြာနေတာတောင် နိုးမလာသေးတာမို့ မင်းခန့်ညား ဆေးရုံခေါ်သွားဖို့တွေးလိုက်သည်။ ဘာတွေ စိတ်ထိခိုက်လို့ သတိလစ်ရတာပါလိမ့်။

ကလေးအတွက် ကိတ်ဝင်ဝယ်တော့ ဝယ်တဲ့ဆိုင်က ကဒ်နဲ့ရှင်းမရ။ ငွေသားကလည်း အလုံအလောက်ပါမလာ။ ဖုန်းကလည်း အိမ်မှာကျန်ခဲ့တာမို့ ကဒ်နဲ့ရှင်းလို့ရတဲ့ဆိုင်ရှာရင်းကြာသွားရတာဖြစ်သည်။ အိမ်ပြန်ရောက်ရောက်ချင်း ကလေးက သတိလစ်သည်အထိငိုယိုပြီး ခုထိ သတိမလည်လာသေးတာမို့ သူပျာယာခတ်နေရသည်။

" ဟင်း...အင်း...''

ခေါင်းလေးလှုပ်ပြီး မျက်လုံးလေးပွင့်ကာလာသည်။

" ကလေးလေး....သတိရပြီလား။ ခဏလေး ကိုကိုချိုတာလေးတစ်ခုခုယူလာပေးမယ် ''

" ခဏ ''

" ဟင်... ဘာဖြစ်တာလဲ ကလေး။ ခေါင်းမူးလို့လား ''

" ဟင့်အင်း ကိုးချစ်နားပဲထိုင်နေ ဘယ်မှမသွားနဲ့ ''

ကလေး​က ဘာဖြစ်နေမှန်းမသိ။ ခါတိုင်း သူ့မျက်နှာတောင် စေ့စေ့မကြည့်ဘဲ ခုကျ အနားကပ်ထိုင်ခိုင်းနေ၏။ ကလေးဘေးက မွေ့ယာလွတ်နေတဲ့ပေါ်မယုံမရဲထိုင်ချလိုက်သည်။

ကိုးချစ် ထ ထိုင်ကာ ကိုကို့မျက်လုံးတွေကို စေ့စေ့ကြည့်လိုက်သည်။

" ဘာလို့လုပ်တာလဲ ''

" ဘာကိုလဲ ကလေးရဲ့''

" ဒီကိုမလာခင် ဘာတွေလုပ်ခဲ့သေးလဲ ''

မင်းခန့်ညားမျက်နှာ ကွက်ကနဲပျက်သွားကာ စကားလမ်းကြောင်းလွှဲလိုက်သည်။

" နေမကောင်းတာကို ကလေးရယ် လာ လာ ပြန်အိပ် ''

" ကိုးချစ် မေးတာဖြေ။ ဘာတွေလုပ်ခဲ့သေးလဲလို့''

" ကိုကိုက ဘာလုပ်ရမှာလဲ ''

ခုချိန်ထိဝန်မခံတာမို့ ကိုးချစ် ငိုချင်လာကာ ဖုန်းကိုဖွင့်ပြီး ဝန်းရံခပို့ထားတဲ့ လက်ရေးစာကိုပြလိုက်သည်။

" ဘာလို့လုပ်တာလဲ။ ဟမ်။ ဘာလို့လုပ်တာလဲ။ ခင်များကို ဘယ်သူက သေခိုင်းလို့လဲ။ အဲလိုလုပ်လိုက်တာနဲ့ ပြီးသွားရောလား။ ကိုးချစ်က ကျေနပ်သွားရောလား ဟမ်...ဖြေလေ ''

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Waar verhalen tot leven komen. Ontdek het nu