အပိုင်း - ၆

9.5K 225 1
                                    

Unicode
.
.

နွယ် ရုံးပြန်တက်တော့ တစ်ရုံးလုံးက ဝမ်းသာကြောင်းပြောနေကြသည်။ ကိုမောင်ကတော့ ဗိုက်အပ်ဖို့သာ စိတ်စောနေသည်။

အစိုးရိမ်လွန်တာလည်း နှစ်ယောက်မရှိ။ နွယ့်ဗိုက်နဲ့ မလွတ် တိုက်လောက်မည် ဟု ဆိုကာ ရွှေ့လိုက်ရတဲ့ စားပွဲ......
အိမ်ပြန်ရောက်ရောက်ချင်း ကြမ်းတွေက ချောတယ်ဟုဆိုကာ ကော်ဇောတွေကပ်ပြန်လေသည်။ လာသမျှ သစ်ဖောက်သည်တိုင်းကိုလည်း ကြွားမဆုံး။
.
.
.

နွယ်ရုံးက ပြန်လာတော့ ခန့်ညားက အိမ်ကိုပြေးလာပြီး.....
' တီတီနွယ် ကလေးက ဘယ်တော့ရမှာလဲ '......

'အမ်'..... ' နည်းနည်းတော့ စောင့်ရဦးမှာ သားရဲ့'....

' ဟုတ်လား ဘယ်လောက်လောက်စောင့်ရမှာလဲ '

' အင်း...ခန့်ခန့် ခုနစ်တန်းတက်တဲ့အချိန်မှ ထွက်လာမှာ ကလေးက'

' အာ...... စောင့်ရဦးမှာပေါ့ ....အခုကျ ဘာလို့မထွက်လာသေးတာလဲ'

' ကလေးလေးက အပြင်ထွက်ဖို့ အဆင်သင့်မဖြစ်သေးဘူးလေ သားရဲ့ အပြင်ရောက်လာတဲ့အချိန် သားနဲ့ဆော့နိုင်အောင် ကျန်းမာအောင် တီတီနွယ်ဗိုက်ထဲမှာ နေမှရမှာ '...

' ဪ အင်းပါ သားစောင့်ပါမယ် ပျော်လိုက်တာ ဟီးဟီး '
.
.
.
.
.

' ဟော နွယ် ပြန်ရောက်လာပြီလား ကိုယ့်ဆီလာတာမဟုတ်ဘူး '

' ခန့်ခန့်ရောက်လာလို့ ကိုမောင်ရေ ကလေးမထွက်သေးဘူးလားတဲ့ အဟင်းဟင်း.....'

'နွယ်'

'ရှင်'

' ကိုယ်တို့ကလေးလေးက ကံကောင်းလိုက်တာနော် ကလေးလိုချင်လွန်းလို့ရူးနေတဲ့ လူတွေဆီရောက်လာတာလေ '

' အဲဒါ ကလေးက ကံကောင်းတာလား နွယ်တို့ကံကောင်းတာ မဟုတ်ဘူးလား '

' အေး အဲလိုလည်း ဟုတ်သားနော် '......

' လာ ကိုမောင့်မိန်းမလေးအတွက် သရက်သီးအုပ်ထားတာ မှည့်ပြီ​ဗျာ စားရအောင် ခွဲပေးမယ် '.....

နွယ့်အတွက် အစစအရာရာ ဂရုစိုက်ပေးမည့်သူများရှိနေတာ ကံကောင်းသည်ဟုထင်မိသည်။ ကျေးဇူးလည်းတင်မိသည်။ အထူးသဖြင့် ကိုမောင့်ကိုပေါ့။.....
.
.
.
.
.
.

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Where stories live. Discover now