အပိုင်း - ၇ ( U + Z)

9.5K 209 0
                                    

Unicode
.
.

အမေ့နာရေးအပြီးမှာ နွယ် ခေါင်းမထူနိုင်တော့ပေ။ ခါးတွေရော ဆီးစပ်တွေပါ ကိုက်၍လာသည်။

' ကိုမောင် ဗိုက်နာတယ် ဆေးခန်းသွားရအောင် '

......ဆေးခန်းရောက်တော့ ဆရာဝန်က အပြင်သွား၍ စောင့်နေရသေးသည်။ ကိုမောင့်ပုခုံးပေါ် ခေါင်းမှီကာထိုင်နေသော နွယ့်ကို သိုင်းဖက်ကာ လက်မောင်းလေးကို ဖွဖွပွတ်ပေးသည်။

' အဆင်ပြေသွားမှာနော် နွယ်..... ဘာမှမဖြစ်ဘူး '

...... ကိုမောင့်ရင်ထဲ ကလေးဇောနှင့် ဗလောင်ဆူနေသော်လည်း နွယ့်ရှေ့မှာ ပူပင်သောကတွေထုတ်မပြချင်ပါ....နွယ့်ခမျာ ပင်ပန်းရှာလှပြီမဟုတ်လား။

ဆရာဝန်ရောက်လာတော့ ဆေးတစ်လုံးထိုးပေးသည်။

' သန္ဓေခိုင်ဆေးထိုးပေးထားတယ်နော် ဆိုင်ကယ်မစီးနဲ့ အလေးအပင်မ မ နဲ့ ၊ ခရီးတို ခရီးရှည် မသွားရဘူးနော် '....
.
.
.
.

အိမ်ရောက်တော့ ကိုမောင် က....

' နွယ်...ကျန်းမာရေး ဂရုစိုက်နော် နွယ် စိတ်ရော ကိုယ်ပါ ပင်ပန်းတာ ကိုမောင်သိတယ်။
ငိုချင်ရင်လည်း ငိူချလိုက် ဘာမှမဖြစ်ဘူး ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရမှာ သိလား။ နွယ့်ဗိုက်ထဲမှာ ကလေးလေးရှိတယ်နော် '

' ဟုတ် '..... နွယ်က ပင့်သက်တစ်ချက်ရှိုက်ရင်း ဖြေသည်။

' နွယ်လေ အလုပ်ထွက်မလားလို့ စဥ်းစားနေတာ '

....... နွယ့်စကားကြောင့် ကိုမောင် ဝမ်းသာမိသည်။ အလုပ်ကိုချစ်လွန်းတဲ့မိန်းမကို ပြောမထွက်သော်လည်း အိမ်မှာ အေးအေးလူလူနေပြီး ကိုယ်ဝန်ကိုပဲ ဂရုစိုက်စေချင်တာ ကိုမောင့်စိတ်ရင်းဖြစ်လေ၏။

' ကောင်းတယ် နွယ်.... ကိုယ်ဝန်က အခုတောင် ဆေးထိုးထားရတာ....ရုံးအသွားအပြန်လည်း ကိုမောင် စိတ်မချဘူး '
.
.
.
.

နွယ်အလုပ်ထွက်တော့ ငိုတဲ့သူက ငိုကြသည်။ အချိန်မရွေး အိမ်လာလည်​ကြဖို့ပြောထားခဲ့သည်။ ဆယ်နှစ်ကျော်ကြာအောင် လုပ်လာတဲ့အလုပ်တစ်ခုကို စွန့်လွှတ်ရတာ နွယ့်အတွက် မလွယ်လှပေ။ ဒါပေမယ့် ကိုယ့်ရင်သွေးအတွက်မို့ နွယ် ဝမ်းမနည်းမိပါ။
.
.
.
.

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Where stories live. Discover now