Uni
.
.ဒီနေ့ ကိုးချစ်တို့ ကျောင်းအပ်ကြတဲ့နေ့ပါ....
အိမ်အလှဆင်ရတာဝါသနာပါပြီး အိမ်ပုံဒီဇိုင်းတွေ ကိုယ်တိုင်ထွင်ရတာကို သဘောကျလို့ နည်းပညာတက္ကသိုလ်လျှောက်ထားခြင်းဖြစ်သည်။တက္ကသိုလ်ကို အခုမှ ပထမဦးဆုံး ကျောင်းစအပ်ဖူးတာမို့ ကိုးချစ် အယောင်ယောင်အမှားမှားဖြစ်နေလေသည်။
" အဲ့ဒီ ဓာတ်ပုံတွေက မကပ်ရဘူး အိတ်ထဲထည့်ပြီး စတာပလာနဲ့တွဲပေးလိုက်ရမှာ ''
အသံကြောင့် ကိုးချစ်မော့ကြည့်လိုက်တော့.....
မိန်းကလေး....မိန်းကလေးမှ မိန်းကလေးစစ်စစ်ပါ.....
အသံက သာမန်မိန်းကလေးတွေထက်နည်းနည်းအောနေသည်။ ၅ပေ ၄လက်မရှိသည့် ကိုးချစ်ပင် မော့ကြည့်ရသည့် အရပ်ကြီးဆိုတော့ ၅ပေ ၁၀ နဲ့ ၁၁ ကြားကတော့ပြေးမလွတ်ပေ။
" ဟိတ်...မိန်းကလေး အရပ်ရှည်တာ မမြင်ဖူးဘူးလား ''
" ဟမ်...အင်း...အစ်မလောက်ကြီးရှည်တာတော့ အခုမှမြင်ဖူးတာ ''
" ဟိတ်...ငါ့အသက်က ၁၇ နော် ခုမှ ပထမနှစ်လာအပ်တာ ''
" ဟယ် ရွယ်တူပေါ့...ဟီးဟီး ''
" အေး...ငါ့နာမည်က ခင်ခင်ခ တဲ့ သူက ရတနာလှိုင်...ငါနဲ့ငယ်ငယ်တည်းက သူငယ်ချင်း ''
ကိုးချစ်ဖြည့်ထားတဲ့ ဖောင်ကို တစ်ချက်ငုံ့ကြည့်လိုက်ပြီး
" နင့်နာမည်က ခန့်သော်တာမောင် လား ''
" အင်း...သော်သော်ပဲခေါ်လိုက် ''
ထိုအခါမှ ကိုးချစ်လည်း ဖောင်ဖြည့်ရတာ တိုင်ပင်ဖော်ရပြီး အဆင်ပြေသွားသည်။
သုံးယောက်သား ဖျက်လိုက် ပြင်လိုက် ပြန်ရေးနေရသည်။
နောက်ဆုံးတော့ အောင်အောင်မြင်မြင် ပြီးဆုံးသွားလေသည်။
.
.
.
.
.ကလေးက နည်းပညာတက္ကသိုလ်ဝင်ခွင့်ရပြီး မြို့ပြအင်ဂျင်နီယာမေဂျာ လျှောက်ထားကြောင်း ပြောပြသည်။ အမှတ်များတာမို့ ရလောက်သည်ဟု ပြောထားသေးသည်။ ကျောင်းအိပ်ကျောင်းစားသွားနေကတည်းက ပိန်ကျသွားသော ကလေးမှာ ပါးဖောင်းဖောင်းလေးသာကျန်တော့သည်။
YOU ARE READING
နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )
Romanceရွယ်တူ သူငယ်ချင်းနှစ်ယောက်က မွေးပေမယ့် အသက် ၁၂ နှစ်ကွာတဲ့ ကိုကိုနဲ့အူကြူးလေးတို့အကြောင်း