အပိုင်း - ၅၁

7.8K 196 9
                                    

Uni
.
.
.

အနွေးထည် အထူကြီးဝတ်ထားတဲ့ ကလေးကို ထွေးပွေ့ကာ လည်တိုင်က ဆံပင်ကောက်လေးတွေကို တိုးဝှေ့နမ်းရှိုက်သည်။ ကလေးကတော့ အံ့အားသင့်လွန်းလို့ဖြစ်မည်။ ရုန်းလည်းမရုန်းဖယ် ငြိမ်ငြိမ်လေးရပ်လို့နေသည်။ ရုတ်တရက်မို့ ဘာဖြစ်နေမှန်း သူ့ကလေးနားလည်ဦးမှာမဟုတ်ပေ။

လည်တိုင်တွေကို ထိကပ်လာတဲ့နှုတ်ခမ်းက အေးစက်စက်အထိအတွေ့​ကို ရမှ ကိုးချစ် ဆတ်ကနဲလှုပ်ရှားသွားပြီး ကိုကို့ခန္ဓာကိုယ်ကြီးကို အတင်းတွန်းထုတ်ပစ်လိုက်သည်။

" ဘယ်လာလုပ်တာလဲ ဒီကို ''

" ကလေးလေး စိတ်ကြိုက်အပြစ်ပေးလို့ရအောင် လိုက်လာတာ ''

စပ်ဖြဲဖြဲမျက်နှာကြီးကို ကုတ်သာဆွဲလိုက်ချင်သည်။

" ခင်များနဲ့ ဘာမှပတ်သက်စရာမရှိဘူး ပြန်တော့ ''

" မပြန်ပါဘူး... ပြန်လို့လည်း မရတော့ဘူး ''

" ဘာ ''

" ကလေးသွားပြီးကတည်းက ကိုကိုတစ်ယောက်တည်းဖြစ်နေတာ။ မေမေတို့ကလည်း ပစ်ထားကြတာလေ။ ..
ဟို..... အဲဒါကြောင့် ဆံထုံးနောက် သျှောင်ပါ လိုက်လာတာပါ ''

ကိုးချစ် နှုတ်ခမ်းကို ဖိကိုက်ပြီး လှည့်ထွက်တော့ လက်ကိုဆွဲကာ တားပြန်သည်။

" လွှတ်...ဖယ်...လွှတ်လို့ ''

" အယ်...အယ်... လွှတ်မယ် မရုန်းနဲ့ ကလေးလဲလိမ့်မယ်.. ''

" ဖယ်...အ...''

ကိုးချစ် လက်ကိုဆွဲထားတာ ဆောင့်ရုန်းတော့ ချော်ကာလွတ်သွားပြီး ကြမ်းပေါ်ဖင်ထိုက်လျက်သားပြုတ်ကျသည်။

" ဟော..နာသွားပြီလား အဲဒါကြောင့် မရုန်းနဲ့လို့ပြောတာ ''

" လာ ကိုကိုထူမယ် ''

" မထိနဲ့... ​''

ပြောရင်း ကိုးချစ် မတ်တပ်ထရပ်သည်။

" ဒီမယ် ကိုမင်းခန့်ညား... ခင်များ ဘာကိစ္စနဲ့ပဲလာလာပြန်ပါ။ ကိုးချစ်နဲ့ ခင်များက ပြီးပြီ။ ဘာမှဆက်လုပ်စရာမရှိဘူး။ ပြီးပြီ ပြတ်ပြီ ''

" မပြတ်သေးပါဘူး ကလေးရယ်။ ဘယ်သူပြတ်ပြတ် မပြတ်ပြတ် ကိုကိုမပြတ်ဘူးကွာ။ ''

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Where stories live. Discover now