အပိုင်း - ၃၇

8.4K 212 6
                                    

Uni
.
.

" သမီး ပြန်လာပြီလား... လာဦး ခဏ..''

" ဟုတ်...''

ကိုးချစ် ကျောင်းအပ်ပြီးပြန်လာတော့ အိမ်မှာ ကိုကိုရော မေမေကြည် နဲ့ ဦးဦးချစ်ပါ ရောက်နေသည်။

" သမီးလေး နဲ့ ကိုကိုခန့်ကို စေ့စပ်ပေးထားမလားလို့ ''

" ရှင်...''

ကိုကို့ကို လှမ်းကြည့်လိုက်တော့ ကျေနပ်ပြုံးကြီးနဲ့ ကိုးချစ်ကို စိုက်ကြည့်နေသည်။

...ဘာလဲ... ဒီလူအိုကြီး လက်ချက်ပဲနေမှာ....

" ကိုးချစ်က ငယ်သေးတယ်လေ မေမေ...''

" သမီးက ငယ်ပေမယ့် မေမေက အသက်ကြီးနေပြီလေ... အခုတောင် မေမေ့အသက်က ၅၃ ဖြစ်နေပြီ...''

" ကိုးချစ်မှ ယောက်ျားမယူချင်သေးတာ...''

" ချစ်ချစ်လေး... ''

" နင် အသာနေစမ်းပါ...''

ကလေးက အတင်းငြင်းနေတာမို့ မင်းခန့်ညား ဝင်ပြောမလို့လုပ်တော့ မေမေက တားသည်။

" ကိုးချစ်လေး... မေကြည်တို့က ကိုးချစ်နဲ့ ကိုကိုခန့်ကို စေ့စပ်ပေးထားရုံပဲလေ...သမီး လွတ်လွတ်လပ်လပ်နေလို့ရသေးတယ်...''

" ကိုးချစ် စဥ်းစားပါဦးမယ်... မေမေတို့ကလည်း ဇွတ်ပဲ... ကိုးချစ်ကို အရင်မတိုင်ပင်ကြဘူး..''

ကိုးချစ်က မေမေတို့ကို အပြစ်တင်တော့ မေမေကြည်က ကိုကို့ကို မျက်စောင်းလှမ်းထိုးပေမယ့် ဘာမှတော့ မပြော....

" ကျောင်းမဖွင့်ခင် စေ့စပ်ပေးထားချင်တာ မေမေတို့က... ''

" နင်တို့ကလည်း ကလေးစိတ်မပါရင် မလုပ်ကြပါနဲ့ဦး...''

ဦးဦးချစ်က ကိုးချစ်သဘောမပါဘဲ မလုပ်စေချင်ပုံပါ....

" ဖေဖေ...''

အခုတောင် မနည်းစည်းရုံးရေးဝင်နေရတာကို ဖေဖေက ပိုဆိုးအောင် ဝင်ပြေနေတာမို့ မင်းခန့်ညား သိပ်မကျေနပ်...

" ချစ်သူဖြစ်တာတောင် မကြာသေးဘူး မေမေရဲ့..''

" ဘာမကြာတာလဲ...၆ လကျော်ပြီ ဥစ္စာ...''

မင်းခန့်ညား မျက်နှာကြီးက အုံ့မှိုင်းကာနေသည်။

" စကား သွားပြောပြီးမှ ပြန်လာခဲ့မယ် မေမေ...လာ ကိုးချစ်...''

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Where stories live. Discover now