အပိုင်း - ၃၂

7.5K 206 13
                                    

Uni

.
.

" ကိုကိုရေ....''

လူနာကြည့်ခန်းထဲထိုင်နေရင်း ဘယ်ကရောက်လာမှန်းမသိတဲ့ ကလေးက ဝင်လာတာမို့ မင်းခန့်ညားမျက်နှာ ဝင်းလက်သွားသည်။

" ဒီနေ့ ကျူတိုရီယယ် ဖြေရမှာဆို...''

" ဖြေပြီးပြီးချင်း အတန်းလစ်ပြီး ကိုကို့ဆီလာလိုက်တာ ဟီး..''

" ဟွန်....''

" ဘာလဲ ကိုးချစ်ရောက်လာတာ ကိုကိုက မပျော်ဘူးလား... ''

ပြောရင်း ကိုကို့ရှေ့က လူနာတွေထိုင်တဲ့ ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။ လူနာက အချိန်မရွေးရောက်လာနိုင်တာမို့ တအားကြီး ပူးကပ်နေဖို့ အဆင်မပြေဘူးမလား...

" ပျော်တာပေါ့ ကိုကို့အချစ်လေးရဲ့... ဒါပေမယ့် ကိုကို့ကို တွေ့ဖို့သီးသန့်ကြီးတော့ ကျောင်းမပျက်ရဘူးလေ...
စာကို အာရုံစိုက်...''

" တစ်ရက်တည်းပါ ကိုကိုကလည်း.. ကိုကို့ကို လွမ်းလို့ဟာကို...''

" ဟုတ်ပါပြီကွာ...လာဦး ဒီကို..''

လူကို လက်ဆွဲပြီး သူ့ပေါင်ပေါ်ထိုင်ခိုင်းတာမို့ ကိုးချစ် ရုန်းလိုက်သည်။

" ကိုကိုနော်.... လူတွေရှိတာကို...''

ကလေးက တားတာမို့ မင်းခန့်ညား ကိုယ်ရှိန်သတ်ပြီး အခန်းပေါက်ဝကို မျက်လုံးဝေ့ကြည့်လိုက်ပြီးမှ....

" ပြွတ်....''

" ဟာ ကိုကို...''

လူတွေရှိလို့ တားနေကာမှ နှုတ်ခမ်းလေးကို လာနမ်းတာမို့ ကိုးချစ်... ကိုကို့ပုခုံးကို ရိုက်ချလိုက်သည်။

" ချစ်စရာလေး ကျောင်းဝတ်စုံလေးနဲ့...''

" တအားကဲတာတော့..ကိုကိုကြီးက..''

" ချစ်လို့...''

ပါးဖောင်းဖောင်းလေးနှစ်ဖက်ကို ညှစ်ကိုင်ကာ ခေါင်းလေးကို ယမ်းပေးလိုက်သည်။

" ခေါင်းမူးတယ်ကွာ...သူ့အားကြီးနဲ့..''

" အဟွန်းး..ဟွန်းး... ''

ကိုးချစ်က တကယ့်ချစ်စရာလေး...
ဘာလုပ်လုပ်ကို ချစ်ဖို့ကောင်းနေတာ...
ငယ်ငယ်ကတည်းက ကလေးလိုမြင်လာလို့လားမသိဘူး ချစ်သူတော်ထားရပေမယ့် ချစ်ဖို့ ကောင်းတဲ့ ကလေးလေးလိုပဲ မြင်နေမိသည်။

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Where stories live. Discover now