.
.
.' နွယ်ရေ နွယ်......ကိုမောင်...'
အသံတစာစာနဲ့ အကြည်က ဝင်ချလာသည်။ ချစ်မင်းပါ လိုက်လာလေသည်။ကိုမောင်က ဆီးစစ်တံတွေကို ယူလာပြီး အိမ်ရှေ့ထွက်လာလိုက်သည်။
' ကိုမောင် အခြေအနေ... နွယ်ရော..နွယ်'
ကိုမောင်က ဆီးစစ်တံတွေကို ထောင်ပြလိုက်တော့ ဆတ်ကနဲဆွဲယူကာကြည့်လေတော့သည်။
' ချစ်မင်းရေ နှစ်ကြောင်းကိုထင်းလို့ဟဲ့ '.....
ထိုအချိန်မှ နွယ်က ကိုမောင့်နောက်ကနေ လှုပ်လီလှုပ်လဲ့လေးထွက်လာလေသည်။
' မိနွယ်ရေ.... တကယ်ကြီးကို ရှိတာဟဲ့ ' .... ပြောရင်း အကြည်က နွယ့်လည်ပင်းကို သိုင်းဖက်ကာ ခုန်ပေါက်နေတော့သည်။
' မိစိမ်းလဲ့ကြည်..... ဟိုက မနေ့ကမူးလဲထားတာနော်.. နင့်ခန္ဓာကိုယ်ကြီးနဲ့ ဖိမခုန်နဲ့ '
' ငါ အပျော်လွန်သွားလို့ဟဲ့ '....
ချစ်မင်းက အကြည့်ကိုသာတားနေပေမယ့် သူကိုယ်တိုင်ကတော့ ကိုမောင့်လက်မောင်းကို ခပ်ဖွဖွထိုးကာ......
' ငါတို့ အစ်ကိုကြီးလုပ်နိုင်ပြီကွ ' ဟု တဖွဖွပြောနေမိသည်။' ဒေါက် ဒေါက်.....ဒေါက် ဒေါက် '
ခန့်ညား အခန်းတံခါးကို အဆက်မပြတ် ခေါက်နေသံကြောင့်နိုးလာလေသည်။ ဘယ်သူများပါလိမ့်။ နာရီကြည့်တော့ ၆ နာရီသာရှိသေးသည်။ အရေးကြီးကိစ္စရှိကြပြန်တာလား ဟု တွေးမိလေသည်။
တံခါးကို ဖွင့်လိုက်တော့ မေမေရယ် တီတီနွယ်ရယ်က အပေါက်ဝရှေ့ နောက်မှာက ဦးမောင်နှင့် ဖေဖေက ရပ်နေလေသည်။
' ခန့်လေး သားထက်အငယ်လေး လိုချင်သေးလား '.....
အိပ်မှုံစုံမွှားဖြင့်......
' ဘာကိုလဲ တီတီနွယ် လက်ဆောင်တွေဖောက်ဖို့လား ညနေကျောင်းဆင်းမှ ဖောက်ကြမယ်လေ သားအိပ်နေတဲ့ဟာကို '
' မဟုတ်ဘူး သား အရင်က သားပြောတော့ သားထက်ငယ်တဲ့ကလေးလေးရချင်တယ် သားက အငယ်ဆုံးဖြစ်နေရတာ မကြိုက်ဘူးဆို '.....
မင်းခန့်ညား မျက်လုံးတွေကို ပွတ်သပ်လိုက်ပြီး
' ဟုတ်တယ်လေ အငယ်လေးရမှာပါလို့ ပြောကြပြီး သားတောင် ၁၁ နှစ်ပြည့်ပြီ မရသေးဘူး ခုထိ '
YOU ARE READING
နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )
Romanceရွယ်တူ သူငယ်ချင်းနှစ်ယောက်က မွေးပေမယ့် အသက် ၁၂ နှစ်ကွာတဲ့ ကိုကိုနဲ့အူကြူးလေးတို့အကြောင်း