အပိုင်း - ၁၄ ( Uni + Zawgyi )

8.9K 221 5
                                    

Uni

.
.

ထွဋ်ကြီးကို အကြောင်းစုံပြောလိုက်တော့ အောင်ကောင်းမြတ် ပါ သိသွားပြီး vedio group chat ကြတော့သည်။

' မင်းကလည်းကွာ..... အသက်တစ်ရာရဲ့ သုံးပုံတစ်ပုံတောင်မကျိုးသေးဘူး...ပွေလိုက်ရတဲ့အမှု '......

ထွဋ်ကြီးက ထိုကဲ့သို့ ​ဩဘာပေး၏။

' မင်း အခုဘာလုပ်မှာလဲ UK က သွားဦးမှာလား '....

အောင်ကောင်းမြတ် က မေးလာသည်။

' အေး သွားမှာ....ကျောင်းဝင်ခွင့်ကျပြီ ဆ/မလည်း ရထားပြီးပြီလေ
အလုပ်ကတော့ ထွက်တော့မလို့....
စိတ်ကုန်လိုက်တာကွာ တကယ်ပဲ... '

' ကိုးချစ်ကရော... '

' ကောက်တုန်းဟေ့....အဲ့ဒီပေါက်စကိုလည်း ဘယ်လိုချော့ရမယ်မှန်းမသိဘူး....ဟူးးးးး....မေမေကလည်း သူ့သမီးကို မချော့နိုင်ရင် အိမ်မှာ မနေနဲ့တဲ့ကွာ '........

တဟားဟားဝိုင်းကာရယ်ကြ၏။

' မင်းက ဟိုမှာ ဘယ်နှနှစ်လောက်ကြာမှာလဲ '....

' အလုပ်လည်း လုပ်ရင်း သုံးနှစ်လောက်ပေါ့ကွာ '

' အေအေ...ငါ့ကောင်တို့ ငါ့ bar ကလည်း အမှန်တကယ်ဖြစ်လာတော့မှာနော် ရှယ်ယာထည့်မှာဆိုကွ ခန့်ညား ဟားဟား '

' အေ မင်းဖွင့်မယ်အချိန်ကိုသာ​ပြောလိုက် '
.
.
.
.
.

ထွက်စာတင်ဖို့လုပ်နေတာမို့ ခန့်ညား အလုပ်ရှုပ်သထက်ရှုပ်နေသည်။ ကြင်နာဦး လည်း ဆေးရုံကိုမလာတော့ပေ။ သူ့အဖေက ဘယ်လိုတွေ လုပ်လိုက်လဲတော့မသိ။ ဗီဇာရဖို့လည်း လုံးပန်းရသေးသည်။

ပြီးတော့ ကိုးချစ်ကလည်း စိတ်ကောက်နေတုန်းပင်.......

.
.
.

ကိုးချစ် ကျောင်းအဆင်းကို ရေခဲမုန့်နှင့် အာလူးကြော်အစပ်စားချင်လို့ ဝင်ဝယ်လာသည်။ အိမ်နှင့်ကျောင်းနီးတာမို့ သူငယ်ချင်းတွေနဲ့အတူ စက်ဘီးနှင့်သာ အသွားအပြန်လုပ်သည်။

မေမေကတော့ ဆိုင်မှာပဲ ရှိဦးမှာမို့ အိမ်တန်းပြန်လာလိုက်သည်။ အိမ်ရောက်တော့ ဒေါ်ရီ က စောင့်နေလေပြီ။

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Where stories live. Discover now