အပိုင်း - ၂၅

8.6K 209 9
                                    

Uni

.
.

ည ၁၀ နာရီစွန်းပြီဖြစ်သော်လည်း ကိုးချစ်အိပ်မပျော်ပါ...ကုတင်ပေါ်လူးလိမ့်ရင်း စဥ်းစားခန်းဝင်နေရသည်။

ကိုကိုခန့်က အိမ်ကိုလိုက်ပို့ပေးပြီးကတည်းက အိမ်ကိုမလာတော့ပေ..
ဖုန်းမဆက်သလို စာလည်း မပို့...

အရင်ကဆို လူမလာရင်တောင် ကိုးချစ်အတွက် မုန့်တွေဝယ်ဝယ်လာပေးပေမယ့် ခုတော့ မုန့်ပင်ဝယ်မပို့ပေးတော့....

"...ငါ တအားလွန်သွားတာလား မသိ...
မလွန်ပါဘူး...ကိုကိုခန့်ပုံစံကလည်း ကြောက်စရာကြီးကို...
ဟွန်းးး....ခန့်မှန်းရခက်လိုက်တာ...
ဒီလူအိုကြီးကတော့....''

ကိုရီးယားဇာတ်ကားကြည့်ပြီး ရိုမန့်တစ်ဆန်တာလေးတွေကို စိတ်ကူးယဥ်တတ်တဲ့ အရွယ်လေးမို့
ကိုကိုခန့်ရဲ့ ဒေါသတွေက ကိုးချစ် အတွက်တော့ ကြောက်စရာပါ

ချစ်ကြောင်းကြိုက်ကြောင်းကိုပင် ဆွဲဖက်ချုပ်ပြီးမှ ပြောခံရသည်။
အဖြေတောင်မပေးရသေးဘဲ ကားတင်ပြေးဖို့လုပ်သည်။
မသိရင် ဓားပြတိုက်ပြီး ပြန်ပေးဆွဲနေသလိုပါပဲ.....

မတွေ့ရတော့လည်း လွမ်းသလိုလိုပေမယ့် လာတွေ့တဲ့အခါတိုင်းလည်း ကိုးချစ်ကို ဘယ်လိုအနိုင်ကျင့်မလဲပဲ ကြောက်နေရသည်။

" ငါလည်း ရူးမှာပဲ....ဟူးး ''

.
.
.

" ကိုးချစ်...ဒေါက်..ဒေါက်..ကိုးချစ်လေး..''

" ဟင်...လာပြီ..''

" ဝါးးးး...''

ကိုးချစ် အိပ်ချင်မူးတူးဖြင့် သန်းဝေရင်း တံခါးဖွင့်လိုက်သည်။

" ဒေါ်ရီ ဘာဖြစ်လို့လဲ... ''

" ၈ နာရီထိုးပြီ...ကျောင်းမသွားဘူးလား ကိုးချစ်လေး...''

" ဟမ်....''

ညက ကိုကိုခန့်အကြောင်း စဥ်းစားရင်းအိပ်မရလို့ ဇာတ်ကားကြည့်လိုက်တာ ၁ နာရီ ထိုးမှ အိပ်ပျော်တာမို့ ဒေါ်ရီလာနှိုးမှ နိုးတော့သည်။

" အမလေး....''

ကိုးချစ် အော်ဟစ်ကာ မြန်မြန်လုပ်ရသည်။

" ကိုကိုခန့်ကြောင့် ဖြစ်ရတာ...''

နောက်ကျနေပေမယ့် ကိုကိုခန့်ကိုလည်း အပြစ်တင်စကားပြောရသေးသည်။
တကယ်လည်း သူ့အကြောင်းစဥ်းစားနေရလို့ ဖြစ်တဲ့ဥစ္စာ....

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Where stories live. Discover now