အပိုင်း - ၁၆ ( Uni + Zawgyi)

8.2K 215 6
                                    

Uni
.
.

စာမေးပွဲကြီးပြီးပြီမို့ ကိုးချစ်တို့တွေ မုန့်စားသွားကြသည်။
ကိုကိုခန့် နိုင်ငံခြားသွားတာလည်း ၆ လပင်ကျော်သွားလေပြီ။
ကိုးချစ်မွေးနေ့တုန်းကတော့ ကိုကိုခန့်က လက်ဆောင်ပို့ပေးပေမယ့်
ကိုကိုခန့်မွေးနေ့ရောက်တော့ ကိုးချစ် လက်နှစ်ချောင်းထောင် ဓာတ်ပုံရိုက်ကာ မွေးနေ့လက်ဆောင်ဆိုပြီး မေမေကြည့်ကိုပို့ခိုင်းလိုက်သည်။
ဪ.... မေ့လို့ Birthday Song ဆိုပေးတဲ့ Vedio လေးပါ ပို့ပေးလိုက်သေးသည်။

" သော်သော် "

" ဝေ ''

" A ခန်း မပါရင် နင် ကျောင်းအိပ်ကျောင်းစားနေရမှာဆို "

" အင်းးးး.....ငါ စဥ်းစားနေတာလေ...A ခန်းပါလည်း ကျောင်းအိပ်ကျောင်းစားပဲ ပြောင်းနေမလားလို့ ''

" ဘာလို့လဲ ''

" ငါ မနေဘူးလို့.... ငါ့အစ်ကိုဆိုရင် အဲလိုနေခဲ့တဲ့အကျိုးကျေးဇူးနဲ့ ဘယ်သွားသွား အဆင်ပြေအောင် နေတတ်တယ်ပြောတယ်...''

" အေး....ကောင်းပါတယ် ''

ဟီးဟီးဟားဟားတွေပြောပြီး ပြန်လာလိုက်ကြတော့သည်။
.
.
.
.
.

" Happy Birthday to you
Happy Birthday to you
Happy Birthday, Dear Ko Ko Khant
Happy Birthday.........to........you ''
" ကိုကိုခန့် ဟက်ပီးဘတ်ဒေး
ဟီး...ဟီး...ဟီး ''

မေမေပို့ပေးထားတဲ့ ကိုးချစ်ရဲ့ ဗွီဒီယိုဖိုင်ကို ပြန်ကြည့်နေမိတာ ဘယ်နှခါမှန်းပင်မသိ။ သူ့ဟာသူ သီချင်းဆိုပြီး သူ့ဟာသူပဲ တဟီးဟီး ရယ်နေလေသည်။ ရယ်လိုက်ရင် မျက်လုံးကျဥ်းကျဥ်းလေးပါ ပျောက်သွားတတ်သည်။

မွေးနေ့လက်ဆောင်ဆိုပြီး လက်နှစ်ချောင်းထောင်ရိုက်ထားတဲ့ ဓာတ်ပုံကိုပါ ပို့ခိုင်းသတဲ့ တကယ့်အတတ်ကလေးပါဆို....

မင်းခန့်ညား ကျောင်းနဲ့အလုပ်ကြား ခဏအားတုန်းလေး မေမေပို့ပေးထားတဲ့ ကိုးချစ်ပုံလေးတွေပြန်ကြည့်နေတုန်း ထွဋ်ကြီးဆီက Vedio Call ဝင်လာတော့သည်.....

" အားနေပြီလားကွ ''....

" ခဏနားတာ ငါ့ကောင်ရေ...ခဏနေ အလုပ်သွားရမှာဟ''

မင်းခန့်ညား ကံကောင်းသည်ဟုပင်ဆိုရမည်။ အလုပ်ခေါ်စာတွေလိုက်ကြည့်ရင်းနှင့် တရုတ်လင်မယားက သူတို့သားအတွက် အင်္ဂလိပ်စာသီးသန့်သင်ပေးဖို့ ကျူရှင်ဆရာ ခေါ်ထားတာတွေ့လို့ ဖုန်းဆက်ကြည့်ရာ သူနေသော နေရာနှင့် သိပ်မဝေးပေ။ ဆယ့်ငါးမိနစ်ခန့် စက်ဘီးနင်းလျှင်ရောက်ပြီး သူအားတဲ့အချိန်နှင့် အဆင်ပြေတာမို့ သင်ပေးဖြစ်သည်။
တစ်ရက်ကို တစ်နာရီသာသင်ရပြီး တစ်ပတ်မှာတော့ ၅ နာရီသင်ပေးရသည်။ တစ်နာရီ ပေါင် ၃၀ ရတာမို့ ရှယ်မိုက်သည် ဆိုရမည်။ မနက် ကျောင်းမသွားခင် ဆိုလျှင်လည်း စာကြည့်တိုက်တစ်ခုမှာ လက်ထောက်စာကြည့်တိုက်မှူးအနေနဲ့ အချိန်ပိုင်းလုပ်သည်။ စာကြည့်တိုက်မှာတော့ တစ်နာရီ ၁၃ ပေါင်ပဲရပေမယ့် သူသဘောကျတာမို့ ဆက်လုပ်နေတာဖြစ်သည်။

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Where stories live. Discover now