အပိုင်း - ၄၄

8.7K 189 7
                                    

Uni

.
.
.

မင်းခန့်ညား တစ်နေကုန် ခွဲခန်းဝင်ရတဲ့ရက်မို့ နားချင်တာရော ကလေးနေမကောင်းသေးတာရောကြောင့် မနက်ကတည်းက ဆေးခန်းပိတ်ပြီး ဆေးဆိုင်ပဲဖွင့်ထားဖို့ မသီတို့ကို မှာထားပြီးဖြစ်သည်။ သူ့ဆေးခန်းက စန်းကောင်းသည်ဟု ဆိုရမည်။ ရောဂါချင်းတူပြီး ဆရာဝန်ချင်းတူရင်တောင် သူ့ဆေးခန်းမှာ လာပြကြတာဖြစ်သည်။ ဆေးကုတာလည်း စိတ်ရှည်ပြီး မရှိတဲ့သူဆို အလကားပါကုပေးတတ်သေးသည်။ ရသမျှတော့ ကိုးချစ်ကိုပဲ ပေးထားပြီး စုထားတာမို့ ကလေးဘွဲ့ရတဲ့အချိန်ဆို ဆေးရုံဆောက်နိုင်လောက်မည်။ သူသာ ဝင်ငွေရှိတာမဟုတ် ကလေးကလည်း အိမ်ဒီဇိုင်းလေးတွေ ဆွဲနေပြီမို့ တစ်လကို Client တစ်ယောက်လောက်တော့လာသည်။ များများစားစားမဟုတ်ပေမယ့် ကျောင်းမပြီးခင်ဝင်တဲ့ ဝင်ငွေမို့ ကလေးက ပျော်နေရှာသည်။

ကလေးက အစားမဝင်သေးတာမို့ အသီးလေးတွေနဲ့ မုန့်အချိုလေးတွေပဲ ဝင်ဝယ်လိုက်သည်။ ဘာဘယ်တီးအေးအေးလေး ဝယ်တိုက်လိုက်ရင် ကြိုက်မှာ အသေအချာသိပေမယ့် မတိုက်ရဲသေး။

အိမ်ပြန်ရောက်လာတော့ အရှေ့မှာထားနေကျ ကလေးဆိုင်ကယ်ကိုမတွေ့တာမို့ မင်းခန့်ညား အလိုမကျဖြစ်သွားရသည်။

အထဲဝင်လာခဲ့တော့လည်း မီးဖိုထဲမှာ ချက်ပြုတ်နေတဲ့ဒေါ်ရီ့ကိုသာတွေ့ရသည်။

" ဒေါ်ရီ... ကလေးရော ''

" ကျူတိုရီယယ် ရှိလို့တဲ့ သား... ခင်ခင်ခဖုန်းဆက်ခေါ်လို့ ကျောင်းသွားတယ်...''

မင်းခန့်ညား... ကလေးက ​ဒေါ်ရီ့ကို တစ်ပတ်ရိုက်သွားပြီမှန်းသိလိုက်သည်။ သူ ဒေါသထွက်ရင် ဒေါ်ရီနေရခက်မှာမို့ ပုံမှန်အတိုင်းပဲ စကားပြန်ပြောရ၏။

" ဟုတ် ဟုတ် ဒေါ်ရီ ''

" ဒေါ်ရီ ပြန်မယ်နော် အိမ်မှာ လူမရှိဘူး ''

" ဟုတ် ဒေါ်ရီ သားလိုက်ပို့မယ်လေ ''

" နေ.. နေ.. ကလေးပြန်လာရင် လူမတွေ့ဘဲနေမယ် ''

ဒေါ်ရီ ပြန်ထွက်သွားမှ မင်းခန့်ညား သိမ်းထားတဲ့ဒေါသက ပေါက်ထွက်လာကာ အသက်ပြင်းပြင်းရှူမိသည်။

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Kde žijí příběhy. Začni objevovat