အပိုင်း - ၄၀

11.8K 188 4
                                    

Uni

.
.
.

" အင့်...အီးးး....''

ကိုးချစ် အညောင်းဆန့်ရင်းနိုးလာတော့ ကိုကို့ရင်ခွင်ထဲမှာဖြစ်သည်။ ညက မူးမူးနဲ့ အိပ်ပျော်သွားတာမို့ အိပ်ယာပေါ် ဘယ်လိုရောက်နေမှန်းပင် မသိ။

ကိုးချစ်လှုပ်သွားလို့ဖြစ်မည်။ ကိုကိုလည်း နိုးလာ​တော့၏။

" ချစ်ချစ်တုံးလေး နိုးပြီလား...''

ပြောရင်း ကိုးချစ်ခါးပေါ်တင်ထားတဲ့ လက်တွေကို တင်းနေအောင်ပြန်ပိုက်ပြီး ရင်ခွင်ထဲပြန်ကပ်တော့မှ အဝတ်အစားမပါတာ သတိထားမိတော့သည်။

" အိ....''

ကိုးချစ် မျက်လုံးပြူးကာ လျှာလေးထုတ်လိုက်မိရင်း အင်္ကျီဝတ်ဖို့အတွက် ကိုကို့လက်တွေကြားက အသာထွက်လိုက်သည်။

" နေပါဦးကွ...''

" အာ...ဒီတိုင်းကြီး ''

" ဘာဖြစ်လဲ...''

ကိုးချစ်ကို လွှတ်မပေးဘဲ ခြေထောက်ချင်းယှက်ကာ ချုပ်လာတာမို့ မနက်ခင်းနိုးထလာတဲ့ ကိုကို့ညီတော်မောင်က ကိုးချစ်ပေါင်နားမှာလာကပ်နေသည်။ ကိုးချစ် ရှက်လွန်းလို့ လှုပ်ခါတော့ ပိုထိမိပြီး ပိုထောင်မတ်လာတာ သတိထားမိတာကြောင့် ငြိမ်ကာဝပ်နေလိုက်ရ၏။

" ငြိမ်ငြိမ်နေ ချစ်ချစ်လေးရဲ့.... ပိုကြွလာရင် ကိုကိုမထိန်းနိုင်ဘူး...''

ကိုးချစ် ကိုကို့ကို မျက်စောင်းထိုးလိုက်သည်။

" အဆင်ပြေရဲ့လား ကလေးလေး ''

"ဘာကိုလဲ ''

" နေရထိုင်ရတာပြောတာ အရမ်းနာတာမျိုး မအီမသာဖြစ်တာမျိုး ရှိလား ''

" ရှိပါဘူး ပုံမှန်ပဲလေ ဘာဖြစ်လို့တုန်း ''

ကလေးအဖြေကြောင့် မင်းခန့်ညား စိတ်ချမ်းသာသွားရသည်။ သူ့အလိုကြောင့်နဲ့တော့ ကလေးကို နာကျင်တာမျိုး မဖြစ်စေချင်ပါ...

အဲဒါကြောင့်လည်း စိတ်ကို အဆုံးထိလွှတ်မထုတ်ဘဲ အနူးညံ့ဆုံးဖြစ်အောင် ချစ်ပေးခဲ့တယ်မလား...

" ညက ကိစ္စကြောင့် ကလေးအရမ်းပင်ပန်းမှာစိုးလို့..''

ပြောရင်း ကိုကိုက မျက်လုံးတစ်ဖက်မှိတ်ပြတာကြောင့် ကိုးချစ်ရှက်ရှက်နှင့် ရင်ဘတ်ကြီးကို လက်သီးနဲ့ ထုလိုက်၏။

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Where stories live. Discover now