အပိုင်း - ၄၁

8.4K 179 14
                                    

Uni

.
.

ရိုးရာအိမ်သွားလည်ပြီး ကိုးချစ်က ဓာတ်ပုံတွေရိုက်ကာပျော်လို့နေသည်။ ကိုကိုကတော့ ကိုးချစ်လို ခုန်ပေါက်မနေ။ လူကြီးမို့ထင်သည်.... သူသဘောကျတာတွေကိုပဲ ဓာတ်ပုံရိုက်ယူသည်။ ဘေးနားက ကောင်လေးကို အကူအညီတောင်းကာ ကိုကို့လက်မောင်းကိုချိတ်ပြီး ဓာတ်ပုံအတူတွဲရိုက်လိုက်သည်။ ကောင်လေးက ဖုန်းပြန်ပေးတော့ ကိုကိုက ပုခုံးကနေဆွဲဖက်ကာ ပါးချင်းကပ်ပြီး ဆယ်လ်ဖီရိုက်တာမို့ သဘောကျကာ ရယ်လိုက်ရသေးသည်။

ကလေးကိုတန်းမပြန်ဘဲ ဟားခါးကို တစ်ည ဝင်ကာ သီးမစ်ချိုင့်ဝှမ်းကိုပါ သွားလည်ခဲ့သေးသည်။ လယ်စိုက်ချိန်မဟုတ်တာတောင် စိုပြေစိမ်းလန်းကာနေသည်။ တောင်စောင်းမှာ အေးအေးဆေးဆေးမြက်စားနေတဲ့နွားတွေကိုတွေ့တော့ ကိုးချစ် အံ့ဩရသေးသည်။ တောင်ပေါ်နွားနောက်တွေမို့ တောင်စောင်းမှာလည်း ပြုတ်မကျဘူးတဲ့လေ။ အမြီးတွေကလည်း အရှည်ကြီးဖြစ်ကာ ​မြေကြီးထိအောင်တိုက်လို့နေသည်။ ကိုးချစ်က ဆဘူးသီးကို တော်တော်ကြိုက်တာမို့ ထမင်းပင်မစားဖြစ်ဘဲ ဆဘူးသီးကိုပဲ စားတော့သည်။ ပြန်ရောက်ရင် စားရမှာမဟုတ်ဘူးလေ။   စားရရင်တောင် ဒီအရသာမရလောက်ပေ။

ကိုးချစ်တို့ ပြန်ရောက်တော့ ကွန်ဒိုမှာ နေဖို့စီစဥ်ထားကြတာမို့ ပစ္စည်းတွေက ရွှေ့ပြီးသားဖြစ်လေသည်။

ဒေါ်ရီနဲ့ ဒရိုင်ဘာကိုထူးကို ခေါ်ခဲ့မလို့ပေမယ့် ကိုကိုက ကိုးချစ်ကျောင်းဖွင့်မှပဲ လူပိုခေါ်တော့မည် ဟု ဆိုလေသည်။ ကိုးချစ်နားကပ်ကာ ကဲရဦးမှာ ဆိုပြီး ပြောလို့ ဗိုက်ကို
ဆွဲစိတ်လိုက်ရသေးသည်။

လူကြီးတွေကို ကန်တော့တော့ မေမေက ငိုနေသေးသည်။ ကိုးချစ်ကလည်း မေမေ့ကိုဖက်ကာငိုတာမို့ ကိုကိုက စိတ်မကောင်းဖြစ်လို့နေတော့၏။ မေမေနဲ့ တစ်ညလောက်အိပ်ချင်သော်လည်း လင်မယားရကာစ ခွဲမနေနဲ့ ဟု ဝိုင်းပြောကြတာမို့ ကိုကိုနဲ့ ကွန်ဒိုကိုသာ လိုက်လာဖြစ်တော့သည်။

မင်္ဂလာဆောင်ပြီးကတည်းက ကောင်းကောင်းမနားရသေးတာမို့ ကွန်ဒိုရောက်တာနဲ့ ကိုးချစ် အိပ်ခန်းကိုသာတန်းသွားကာ လှဲချလိုက်၏။

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Where stories live. Discover now