အပိုင်း - ၁၀ ( Uni + Zawgyi)

9.5K 221 3
                                    

Uni

.
.

ကိုးချစ် လေးလည်း အသက် ( ၃ ) နှစ်ပြည့်လုပြီဖြစ်သည်။ နွယ့်ဆိုင်ကတော့ အကျိုးပေးသန်သည် ဟုပြောရလောက်အောင် အရောင်းသွက်လေသည်။ " မင်းကတော် ပိုးထည်တိုက် " ဆိုလျှင် မသိသည့်သူမရှိ။

.
.
.

' ကိုကိုထန့်..... အာ့ ဘာလုပ်နေတာလဲ '

တီတီနွယ် ကိုးချစ် ကိုမွေးတဲ့နေ့ကတည်းက ဆရာဝန်လုပ်ဖို့ ဆုံးဖြတ်ထားတဲ့ မင်းခန့်ညား တစ်ယောက် ကိုးတန်း နှင့် ဆယ်တန်းကို ကျောင်းအိပ်ကျောင်းစားနေဖို့ ဆုံးဖြတ်ထားသည်။

အဆောင်သွားဖို့ အထုတ်ပြင်နေတုန်း
ကိုးချစ်က ရောက်လာကာ နှုတ်ခမ်းတထော်ထော်နှင့် မေးတော့သည်။

' ကိုကိုခန့်က ဒီမှာ မနေတော့ဘူး '

' အမ် '

' ကိုကိုခန့်က ကိုးချစ်နဲ့နေလို့ မရတော့ဘူး
ဟိုးအဝေးကြီးကို သွားနေတော့မှာ '

' ကိုကိုထန့် က တိုးချစ်ကို ချစ်တော့ဘူးလား '

မယ်တတ်ပကြောင့် မင်းခန့်ညား ရယ်လိုက်မိသည်။

' ဘယ့်နှယ် တိုးချစ် တုန်း '
' ဒီမှာ ကိုကိုခန့်ကိုပြောပြမယ် လိုက်ပြော '

' ကိုး...'

' ကိုး '

' ချစ် '

' ချစ် '

' ကိုး....ချစ် '

' တိုးချစ် '

' ဟား....ဟား...ဟား '

ဘယ်လိုသင်သင် တိုးချစ် ပဲဖြစ်နေလို့ မင်းခန့်ညား သဘောကျနေသည်။

' ကိုကိုထန့်က တိုးချစ်ကို ချစ်ဘူးလား... တိုးချစ်နဲ့နေဘူးလား '....

ကိုကို ကိုတော့ ပီအောင်ပြောတတ်ပြီး ကိုး ကိုတော့ တိုး ပါတဲ့လေ။

' အင်း မနေတော့ဘူး '

' အီးးးး.......ဟီးးးးးဟီးးးးး '

' ဟာ.....ကိုချစ် မငိုနဲ့ ဟား....ဟား.....ဟား..'......

ငိုအောင်စပြီးမှ မင်းခန့်ညား သဘောကျသလို လန့်လည်းလန့်နေရသည်။ အမေဆူတာတော့ ခံရတော့မှာပဲ........

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Where stories live. Discover now