အပိုင်း - ၁၁ ( Uni + Zawgyi)

8.5K 203 2
                                    

Uni

.
.

ကျောင်းပြန်ဖွင့်တဲ့နေ့အထိ ခန့်ညားလက်က ဟိုလူကို ထိုးထားသည့် ဒဏ်ရာတွေမှာ မပျောက်သေးပေ။ အနည်းငယ်ရောင်နေသေးသည်။ နေ့လယ် ထမင်းဆိုင်မှာ ထမင်းစားကြတော့ သူတို့ဝိုင်းကို ကြင်နာဦး ပါရောက်လာလေသည်။ အတူတူ စုထိုင်ကြတာမို့ ခန့်ညားစိတ်ထဲ ဘယ်လိုမှ မဖြစ်မိပေ။ ခန့်ညားတို့ဝိုင်းကို ခင်နေပြီဖြစ်တဲ့ဆိုင်ရှင်က ထမင်းလာချပေးရင်း လက်က ဒဏ်ရာတွေကို မြင်တော့သည်။

' ဟယ် မင်းခန့်ညား ရန်ဖြစ်ထားတာလား '......

' ဟဲ..ဟဲ...ကျားလေဗျာ ဖြစ်ဖူးရမှာပေါ့ '

' ခန့်ညား ဘယ်လောက်တောင် ထိုးလိုက်တာလဲကွာ လက်ဆစ်တွေကို ရဲတောက်နေတာ '

' ဘယ်တုန်းကဖြစ်တာလဲ ဘယ်ကောင်လဲ ဘယ်မှာနေတာလဲ '

ရဲထွဋ်ကို က ရန်သွားရှာမည့်ပုံစံမေးလာတော့တာမို့ ခန့်ညားက အကျဥ်းချုံးကာ ရှင်းပြရသည်။

' ငါ့ညီမကို ဆိုင်ကယ်တိုက်မလိုဖြစ်တာကွာ ဆိုင်ကယ်သမားက မတောင်းပန်တဲ့အပြင် မူးပြီး ကလေးကို တောင်ပြောမြောက်ပြောပြောလို့ ငါလုပ်လွှတ်လိုက်တယ် ခုတော့ အေးဆေးပါ လာတောင်းပန်သွားတယ် '.....

' ကလေး သနားပါတယ်ကွာ '......
ရဲထွဋ်ကို က နားထောင်ကာ စုတ်သတ်သည်။

အကြင်နာကတော့ မကြည်ဖြူပါ။ အဲဒီကလေးမက ဘာမို့ ခန့်ညားက ဒီလောက်ကာကွယ်ပေးနေရတာလဲ...

' အေးအေးဆေးဆေး ပြောလိုက်လည်း ရမှာပါ ခန့်ညားရယ် အခုတော့နင့်လက်တွေ ပွန်းပဲ့ကုန်ရော '.....ကြင်နာဦး ဝင်ပြောလိုက်သည်။

' လက်အကျိုးခံပြီးကို ထိုးချင်တာ အဲ့ကောင်အမေကလည်းတောင်းပန်တာရော ကလေးကလည်း တအားလန့်နေလို့ စိတ်လျှော့လိုက်တာ....ရာရာစစ ငါ့ကလေးကိုများ လာထိလို့ '........

ခန့်ညားဆီက ငါ့ကလေး ဆိုသည့်အသံကြားလိုက်ရတော့ ကြင်နာဦး မျက်နှာညိုမှောင်သွားမိသည်။
.
.
.
.
.

' ကိုကိုခန့် '........အသံစာစာနှင့်ကိုးချစ်က ပြေးလာလေသည်။

' ကဲပြော....ဝက်လုံးတုတ် ဘာဖြစ်ပြန်ပြီတုန်း '

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Hikayelerin yaşadığı yer. Şimdi keşfedin