အပိုင်း - ၃၀

8K 193 13
                                    

Uni
.


" ချစ်ချစ်လေး ''

" ရှင့်...''

ကလေးက ကျောင်းပြန်ဖွင့်တော့မှာဖြစ်သည်။ ဆေးခန်းကတော့ လူနာကြည့်ချိန်မရောက်သေးတာမို့ အေးအေးလူလူ ကလေးကြိုက်တဲ့ ဟော့ပေါ့ နဲ့ မူကထ ဝင်စားနေကြသည်။

" ရည်းစားဖြစ်လာတာပဲ နှစ်လကျော်ပြီ မေမေတို့ကိုပြောရအောင်လေ...''

" ဟာ...ဘယ်ဖြစ်မလဲ ကိုကိုရဲ့..အဟွတ် အဟွတ်.''

သီးရတဲ့ထိတောင် ထိတ်လန့်တကြား ငြင်းလာတဲ့ ကလေးကြောင့် မင်းခန့်ညား အလိုမကျဘဲ မျက်ခုံးတွေတွန့်ချိုးလိုက်သည်။

ဖျော်ရည်လေးငှဲ့တိုက်ပေးလိုက်ပြီး ပေသွားတာတွေကို တစ်ရှူးနဲ့လိုက်သုတ်ပေးလိုက်သည်။

" အလန့်တကြားကွာ....ဘာလို့ ဒီလောက်ခါးခါးသီးသီးဖြစ်နေရတာလဲ...မသိကြတဲ့သူတွေမှမဟုတ်ဘဲ ''

" သိကြလို့ပေါ့ ကိုကိုကလည်း...ကိုးချစ်ရှက်တယ်...''

ကိုကို့မျက်နှာက မကြည်တော့....
ကိုးချစ်အနေနဲ့လည်း တစ်သက်လုံး မောင်နှမလိုနေလာခဲ့ပြီး ခုမှ ရည်းစားတော်ရတာမို့ ရှက်နေသည်။
.
.
ဖြစ်နိုင်ရင် မြန်မြန်တောင်လက်ထပ်ချင်တာကို ကလေးက ချစ်သူဖြစ်တာကိုတောင် အသိမပေးချင်သေးတာမို့ မင်းခန့်ညား ဘူရသည်။

" မဟုတ်သေးပါဘူးကွာ...သဘောမတူကြမယ့်သူတွေလည်း မဟုတ်ဘူး...ပြီးတော့ ချက်ချင်းကြီးလက်ထပ်ဖို့မှ မဟုတ်တာ အသိပေးသင့်တာတော့ ပေးထားရမယ်လေ...''

သူနဲ့အကြောင်းကို ထုတ်ပြောပြီး ပွင့်ပွင့်လင်းလင်းတွဲကြဖို့ တိုင်ပင်လိုက်တိုင်း ကလေးက အမြဲငြင်းတာမို့ မင်းခန့်ညား စိတ်တိုလာသည်။

" ရှက်လို့ပါ ကိုကိုရဲ့ အချိန်လေးနည်းနည်းပေးပါဦး...''

" အချိန်က ဘယ်လောက်ပေးရမှာလဲ ပြော...နေ့ရွှေ့ ညရွှေ့လုပ်နေတာ ကိုကိုမသိဘူးမထင်နဲ့နော်....
ကိုကိုက နူရွဲနေတာလည်း မဟုတ်ဘူး...ဘာမဟုတ်တာလေး အကြောင်းပြပြီး လူမသိသူမသိတွဲနေမှာလား...''

မင်းခန့်ညား အသံက ကျယ်သွားတာမို့ ဘေးဝိုင်းတွေက လှည့်ကြည့်ကြသည်။

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Where stories live. Discover now