အပိုင်း - ၅၅ ❤❤

11.1K 205 12
                                    

Uni

.
.
.
.

" ကိုကို မြန်မာပြည်ပြန်နှင့်ပါလား ''

ရင်ခွင်ထဲထိုင်ကာ မုန့်စားနေရင်း ကလေးပြောလာတဲ့ စကားကို မင်းခန့်ညား အလိုမကျဖြစ်ရသည်။

" ဘာဆိုင်လို့တုန်း ''

" ကိုကိုကလည်း။ ကိုကိုရောက်တာ ပြီးခဲ့တဲ့ နိုဝင်ဘာကတည်းကလေ အခု မတ်လရောက်လို့ ကိုးချစ်တောင်  Spring Term ဖြေရတော့မှာ။ ၅လ ကျော်နေပြီ။ အဲလောက်ကြီးပစ်ထားလို့ကျ ဘယ်ကောင်းမလဲ။ ''

" ကိုကို့ကို နှင်တာလား ''

ကလေးလို ဆူပုတ်နေတဲ့ ကိုကို့ကို ကိုးချစ်ရယ်မိသည်။ ၁၂ နှစ်ကြီးတာ ကိုကိုမဟုတ်ဘဲ ကိုးချစ်ထင်ပါရဲ့။

" ဆေးခန်းက အဓိကလေ။ ပစ်ထားလို့ဘယ်ဖြစ်မလဲ ကိုကိုရဲ့။ ပြီးတော့  ကိုးချစ်လည်း နောက်တစ်ဖြတ်ပြီးရင် ပြန်လာတော့မယ့်ဟာ။ ၅လကျော်ကြီးတောင် လိုက်လာခဲ့ပြီးပြီဟာ ကျေနပ်တော့ ''

" ၅လ ကျော်တာဘာလုပ်ရမှာလဲ...''

မင်းခန့်ညား ခပ်ရွဲ့ရွဲ့ပြောလိုက်သည်။ ပြန်အဆင်ပြေတယ်သာပြောတာ။ သူ့ကလေးက တွန့်တိုလိုက်သမှ နှုတ်ခမ်းလေးနမ်းဖို့ပင် ညာတာပါတေးလုပ်ယူနေရသည်။ လင်မယားကိစ္စဝေးလို့ တစ်ခန်းထဲပင် အတူမနေရ။ ဝါတွင်းသုံးလ ဥပုသ်သည်ကမှ ကုသိုလ်ရဦးမည်။ သူစောင့်နေရတဲ့ ဥပုသ်ကတော့ ကလေးကို အခါခါပြစ်မှားရင်း စောင့်နေရတဲ့ ထော့ကျိုးဥပုသ်ပင်။

" ဟင် ဘာကိုလဲ ''

" ဘာမှမဟုတ်ဘူး။ လုံးဝမပြန်ဘူးနော်။ မိန်းမကို လိုက်ခေါ်တာ မိန်းမမပါဘဲ ပြန်စရာလား ''

" ဟော့တော် ''

ကပ်သပ်လွန်းတဲ့ လူအိုကြီးကို ကိုးချစ်ပြောမနိုင်တော့။ တောက်တဲ့ကပ်သလိုကို ကပ်နေတော့၏။
.
.

ကလေးက နှစ်လယ်စာမေးပွဲဖြေနေပြီမို့ လိုသမျှအကုန် မင်းခန့်ညား လုပ်ရလေသည်။

" ကိုကိုရေ ကိုးချစ်သွားပြီနော် လိုက်မပို့နဲ့တော့ နောက်ကျနေပြီ ''

" ကလေးလေး... မနက်စာလေ ''

" ပေါင်မုန့်စားထားတယ် အပြန်မှစားမယ် ကိုကိုရေ ''

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Where stories live. Discover now