အပိုင်း - ၄၈

7.7K 211 37
                                    

Uni

.
.
.
.

ကိုးချစ် ကိုကိုနဲ့ အိပ်ယာခွဲအိပ်တာ တစ်ပတ်ပြည့်ပြီဖြစ်သည်။ ည ကိုးချစ်အိပ်ပျော်သွားတဲ့အချိန်ဆို အနားလာကပ်အိပ်ကာ ကိုးချစ်မနိုးခင် မနက်အစောကြီးထပြီး အခန်းထဲပြန်ဝင်သွားတတ်တာသိနေပေမယ့် ခွန်းကြီးခွန်းငယ်ပြောမနေတော့ဘဲ မသိချင်ယောင်သာဆောင်ထားလိုက်သည်။

စာကိုသာဖိလုပ်ရင်း အိမ်က ထမင်းဟင်းကိုပင် မစားဖြစ်။ ကိုကိုကတော့ ထုံးစံအတိုင်းအစုံပလုံဝယ်ပေးထားပေမယ့် ' ငါ့ပိုက်ဆံနဲ့ ' ဆိုတဲ့အသံကိုပြန်ကြားယောင်မိပြီး ကိုးချစ် ဘာမှ မတို့ထိမိ။ ငယ်ငယ်ကတည်းက ဆုံးမစကားဆိုလည်း တစ်ခွန်းဆိုတစ်ခွန်း စွဲစွဲမြဲမြဲမှတ်တတ်တဲ့သူမို့ ကိုကိုပြောတဲ့စကားတွေက ကိုးချစ် ရင်ထဲနာနေတုန်းပင်။
.
.
.

သည်နေ့တော့ အောင်ကောင်းမြတ်အားတာမို့ မင်းခန့်ညား မြေကွက်သွားကြည့်ရသည်။ ကလေးကတော့ ကျောင်းသွားနေရတာမို့ မလိုက်ခဲ့။ ကျောင်းမသွားရလျှင်လည်း လိုက်မည်မထင်။ အခုထိ အိပ်ယာခွဲအိပ်နေတုန်းပင်။

အမှတ်သည်းခြေ အင်မတန်ကြီးသည့် သူ့စနေသမီးလေးက အိမ်မှာပင် ထမင်းမစား။ သူဘာပဲဝယ်လာလာ မတို့မထိ။ သူမှားသွားပေမယ့် သူ့ကလေးစိတ်ကောက်နေတာက ဆယ်ရက်လောက်ကိုရှိနေပြီမို့ မင်းခန့်ညား ဘာလုပ်လို့လုပ်ရမယ်မှန်းမသိဖြစ်နေသည်။

မြေကွက်တွေလိုက်ကြည့်ပြီးတော့ အကောင်းဆုံးဖြစ်မည့်နေရာကို အောင်ကောင်းမြတ်နဲ့တိုင်ပင်ကာ ရွေးယူရသည်။ နောက်အပတ်ထဲမှ စာချုပ်ချုပ်လိုက်တော့မည်။ ကလေးကို ခေါ်လာလို့ရရင်ကောင်းမှာပဲ။ တစ်ခါတည်း လင်မယားနှစ်ယောက်လုံးနာမည်နဲ့ လက်မှတ်ထိုးဝယ်လိုက်ချင်သည်။
.
.
.

ကိုးချစ် ဓမ္မတာလာရက်ကို ငါးရက်ကျော်လာပြီမို့ စိတ်ထဲ ခိုးလို့ခုလုဖြစ်နေသည်။ ဆေးလည်းပုံမှန်သောက်နေတာမို့ ကိုယ်ဝန်မဟုတ်လောက်ဟု ထင်မိပေမယ့် သေချာသွားအောင် ဆီးစစ်တံဝယ်လာလိုက်သည်။ မနက်မှပဲ စစ်ရတော့မည်။ ကိုကို့ကိုတော့ ဟက်ဟက်ပက်ပက်ပြောချင်စိတ်မရှိသေးတာရော မသေချာသေးတာရောကြောင့် မပြောဖြစ်။

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Where stories live. Discover now