Extra - 3. ( Kha & Maung )

6.4K 171 6
                                    

Uni

.
.
.
.

" လာ ဆင်းစမ်း ညည်း ''

အိမ်ရောက်တာနဲ့ ဦးငယ်က မောင့်ကို ဆူဖို့ပြင်သည်။

" ဘာဖြစ်လာကြတာလဲ ''

ဆိုင်မသွားသေးတဲ့ ဦးငယ် မိန်းမက အလန့်တကြားမေးသည်။ ဦးငယ်မိန်းမကို မောင် အမြင်နည်းနည်းကပ်သည်။ မောင်က အိမ်မှာနားချင်ရင်တောင် သူအပြင်သွားတာနဲ့ မောင်က ကော်ဖီဆိုင်ထိုင်ပေးရသည်။ သူစျေးသွားရင်လည်း မောင်က လိုက်ပေးရသည်။ မောင့်ကို တင်ကျွေးထားရသည်ဆိုပြီး ခိုင်းချင်နေပုံပါ။ ဒါပေမယ့် မောင်ကတော့ စျေးလိုက်ပေးရလျှင်လည်း ကားပေါ်မှာပဲ နေခဲ့ပြီး ဆိုင်ထိုင်ပေးရရင်လည်း ကလေးမတွေနဲ့ လွှဲကာ နားခန်းထဲဝင် အိပ်နေလိုက်သည်။

" မင်းတူမကြောင့် တစ်မျိုးလုံး အရှက်ကွဲတော့မယ် ''

နဂိုကမှ မတည့်တာကို ဦးငယ်မိန်းမက အပြစ်ရှာကောင်းတော့မည် ဟု မောင် ထင်လိုက်မိ၏။

" ဟယ် ကလေးကို အဲလိုတွေမလုပ်နဲ့လေ။ အိမ်ထဲဝင်ပြော။ လာ လာ သမီး ''

သူ့မိန်းမစကားကျ ဦးငယ်က တစ်ခွန်းတည်းပင်။

" ထိုင်... ရှင်းစမ်းပါဦး ဘောပြားနဲ့ကြိုက်နေတဲ့ ကိစ္စ ''

" ဟင် ''

ဦးငယ်မိန်းမက အံ့ဩဟန်ပြုသည်။

" မိန်းကလေး စစ်စစ်ပါ ဦးငယ်။ ယောက်ျားလျာမဟုတ်ပါဘူး ''

" ဘာနေနေ အတူတူပဲ။ ငရဲလားမယ့် အလုပ်တွေ။ ''

" မောင်တို့ ချစ်တာ ဘာမကောင်းလို့ ငရဲက ပါလာရတာလဲ ''

" ဟ..  ဘုရားအဟောမှာ အခြောက်ဖြစ်ကတည်းက အရင်ဘဝက သူများသားသမီးကို စော်ကားခဲ့လို့ပဲ ''

" ဦးငယ် ''

စော်ကားလွန်းတဲ့စကားကို မောင်လက်မခံနိုင်တာမို့ အသံကုန်အော်ချလိုက်သည်။

" ဦးငယ်က ဘုရားအဲလိုဟောတာကို တိုက်ရိုက်ကြားခဲ့လို့လား။ အရင်ဘဝ ခခဘာလုပ်ခဲ့တယ်ဆိုတာရော ဦးငယ် မြင်ခဲ့လို့လား။ လူတစ်ယောက်ကို ကိုယ်မသိ ကိုယ်မမြင်တဲ့ အကြောင်းအရာအတွက်နဲ့ကြောင့် စော်စော်ကားကား သိက္ခာထိပါးပြီး မပြောပါနဲ့ ''

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Where stories live. Discover now