အပိုင်း - ၂၂

9.2K 226 15
                                    

Uni

.
.

ကိုးချစ်.....ကိုကိုခန့်ကို စိတ်ကောက်ပြီး မတွေ့အောင်ရှောင်နေတာ တစ်ပတ်နီးပါးပင်ရှိပြီဖြစ်သည်။

အမြဲတွေ့နေကျကို မတွေ့ဘဲနေတော့လည်း လွမ်းသလိုလိုပင်......

အလကားလူကြီး..... သူများစိတ်ကောက်နေတာကို လာမချော့ဘူး........

" သော်သော်....''

" ဝေ.....''

" ငါတို့လုပ်မယ့် ပရောဂျက်အတွက် မနက်ဖြန်ဆိုက်ထဲသွားကြည့်ရမှာနော်.....''

ဒီတစ်ခါ ပရောဂျက်က ဆရာမက လူခွဲပေးတာမို့ ဝန်းရံခ ကိုးချစ် နှင့် အခြား ယောက်ျားလေးတစ်ယောက် မိန်းကလေးတစ်ယောက် က တစ်ဖွဲ့ဖြစ်ကာ ရတနာ နှင့် ခခကလည်း အဖွဲ့ကွဲသွားတော့သည်။

" အေး...''

"  အဲဒါထက်လေ ကောင်းဝန်းရံခ အဖေက ဆောက်လုပ်ရေးကုမ္ပဏီလည်း ပိုင်တယ်တဲ့နော်....''

" အေး....တော်တော်ကို ချမ်းသာတာ......အဲဒါကြောင့်လည်း သူ ပေါ်ပြူလာအရမ်းဖြစ်တာပေါ့ ''

" ဘယ်သူလဲ ပေါ်ပြူလာဖြစ်တာက...''

အတင်း​ပြောနေတုန်း ဝန်းရံခ က ဝင်လာတော့သည် ။

" နင်လေ....နင့်အဖေက ဆောက်လုပ်ရေး ကုမ္ပဏီပိုင်တာဆို....''

" အင်း...''

" အင်ဂျင်နီယာပဲပေါ့ ''

" မဟုတ်ပါဘူး ဒါပေမယ့် သင်တန်းတက် Certificate တွေရထားတယ် ငါ့အဖေက အရမ်းဝါသနာပါတာလေ....''

ခေါင်းလေး တငြိမ့်ငြိမ့်နဲ့နားထောင်နေတဲ့ သော်သော်ဟာ သူ့ကို သူငယ်ချင်းအရာပဲထားတယ်ဆိုတာ သိသာလှတာမို့ အများကြီး ​ရှေ့မတိုးရဲပါ။ စစ်မရောက်ခင် မြားကုန်နေရတယ် သူ့အဖြစ်က.....

.
.

" အခုသွားမယ့်ဆိုက်က အသေးလေးပဲ......အများကြီးကြည့်စရာမလိုဘူး....ဆရာမတို့ rebar ဆင်တာသေချာကြည့်မယ်....footing တိုင်လောင်းတဲ့အချိန်မှာ လိုအပ်တာတွေလုပ်မလုပ် စစ်မယ်....ဒါပဲ...စနေ တနင်္ဂနွေ နှစ်ရက်ဆို ပြီးပြီ.....
ပြီးရင် နှုတ်မေးနှုတ်ဖြေလာမယ်...စာမေးပွဲအမှတ်ထဲပေါင်းထည့်ပေးမှာနော် ''

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Where stories live. Discover now