အပိုင်း - ၂၃ ( Uni + Zawgyi)

8.7K 221 6
                                    

Uni

.
.

" ကိုကိုခန့်.... ''

တကယ်ပဲ ဆေးမှားစားလာပုံပါ....

" တကယ်ပြောတာ ကိုးချစ်လေးရဲ့..
အစကတော့ ကိုကိုခန့်က ဖွင့်မပြောဘဲ တစ်သက်လုံး မောင်နှမအဖြစ်နေမလို့ ....
အခုတော့ ရင်ဘတ်ကြီးနဲ့မဆန့်ဘူးဖြစ်လာလို့...''....

ကိုးချစ်ကို ကလေးပွေ့သလိုပွေ့ထားတာမို့ ကိုကိုခန့်ရင်ခွင် နဲ့ ကားဒတ်ရှ်ဘုတ် ကြားမှာ ညပ်နေကာ ​ရုန်းဖယ်လို့လည်းမရ....

" လွှတ်ပေးဆို... ကိုကိုခန့်...''

" လွှတ်ပေးရင် ကလေးက ပြေးသွားမှာစိုးလို့ ခုတလော ကလေးက ကိုကိုခန့်ကိုတွေ့ရင် ပြေးပြေးနေတာလေ... ''

" မပြေးပါဘူး....လွှတ်ပါဦးဆို...''

ကိုးချစ်ပြောတာကို မကြားဟန်ဆောင်ကာ ရုန်းကန်ထားလို့ ပွယောင်းနေတဲ့ ဆံပင်လေးတွေကို သပ်ပေးပြီး နားနောက်ညှပ်ပေးလိုက်သည်။

မျက်နှာလွှဲနေတဲ့ ကလေးမျက်နှာလေးကို သူ့ဘက်ဆွဲလှည့်ယူကာ နဖူးချင်းတိုက်လိုက်တော့ ကလေးကလန့်ကာ သူ့ရင်ဘတ်ကို တွန်းထားတော့သည်။

" ကိုကိုခန့်..... လွှတ်လို့ဆို...ကိုးချစ် ကြောက်လာပြီနော်...''...

မင်းခန့်ညား တကယ်ကို မလွှတ်ပေးချင်ပါ....
တစ်ကိုယ်လုံးကို သိမ်းကျုံးပွေ့ထားရင်းက နှုတ်ခမ်းပါးလေးကို နမ်းရှိုက်ကာ အချိန်ဖြုန်းလိုက်ချ
င်သည်။

" ကိုးချစ်....''....

အက်ရှရှခေါ်သံနဲ့အတူ ကိုးချစ်နှုတ်ခမ်းတွေကို စိုက်ကြည့်လာတဲ့ ကိုကိုခန့်ကြောင့် မွှေးညင်းတွေထောင်ကာ လူက အေးစက်သွားရသည်။

" ကိုကိုခန့်.....လွှတ်လို့....''

" အား....''

ပြောမရတဲ့အဆုံး ကိုကိုခန့်လက်မောင်းကို ဆွဲယူကာ ကိုက်ချလိုက်တော့မှ ကိုးချစ်ကို ချုပ်ပွေ့တာကနေ လွတ်သွားတော့သည်။

ကိုကိုခန့်ပေါင်ပေါ်ကနေ အမြန်လျောဆင်းကာ ကိုယ့်နေရာကိုယ် အမြန်ဝင်ထိုင်ပြီး ထိုင်ခုံ ခါးပတ်ပတ်ထားလိုက်တော့သည်။

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Tempat cerita menjadi hidup. Temukan sekarang