အပိုင်း - ၂၆

8.5K 203 23
                                    

Uni

" ကိုးချစ်..''

ကိုးချစ် မျက်နှာသစ်ပြီး မနက်စာစားဖို့ ဆင်းလာတော့ ကိုကိုခန့်က အောက်ထပ်မှာ စောင့်ကြိုနေသည်။

ကိုးချစ် မျက်မှောင်ကုတ်ကာ နှုတ်ခမ်းဆူလိုက်သည်။ နေမကောင်းဖြစ်လို့ သွားပြုစုပေးမိပါတယ်.. နလန်ထူတာနဲ့ ကိုးချစ်ကို ကျားချောင်းချောင်းနေတာ...

တစ်နေ့တစ်မျိုး မုန့်တွေဝယ်လာပြီး ခွံ့ကျွေးတတ်သေးသည်။ ဒီအရွယ်ကြီးကျမှ နောက်ပိုးလုပ်နေတဲ့ မင်းခန့်ညား ပါပေ...

အခုလည်း မနကအစောကြီး လာစောင့်ပြန်ပြီ...
ကေ ကို ချောနေအောင် သ ထားပြီး တစ်မိုင်လောက်အကွာကနေ ရေမွှေးနံ့ရတာမို့ ကိုးချစ်နှာခေါင်းရှုံ့လိုက်သည်။

" မွှန်ထူနေတာပဲ ရေမွှေးက ပုလင်းလိုက် မှောက်ကျလာတာလား
ဆပ်ပြာနဲ့ မှားတိုက်လာတာလား...''

" ညည်းနော်.....မနက် ၆ နာရီကတည်းက ရေချိုး အလှပြင်လာရတာ... ''

နုနုဖတ်ဖတ်လေးကို ချစ်မိမှတော့ သူလည်း နုဖတ်နေမှဖြစ်မည်လေ....

" နွားအို မြက်နုကြိုက်.... ''

" ဘာ...ညည်း.. အသက်ကိုလာမထိနဲ့ပြောထားတယ်နော်...
Age is just a number တဲ့..... ''

ကြည့်..... သူ့ထိရင် နည်းနည်းမှကို မခံတာ စွာချက်တော့....

" ဟော...သမီး နိုးပြီလား ကိုကိုခန့်က စောင့်နေတာ မနက်စာသွားစားမလို့တဲ့...''

" ဟာ...တော်ပါပြီ..အိမ်မှာပဲစားမှာ...''

ဒီလူအိုကြီးက စိတ်မှန်တာမဟုတ်...နှစ်ယောက်တည်းမသွားရဲပါ..

" အာ...ကိုကိုခန့်က တမင်လာခေါ်တာ မုန့်တီဆိုင် အသစ်ဖွင့်တာ သွားစားကြမယ်လေ..တီတီနွယ် ပြောဦး.. သားနဲ့ဆို ဘယ်မှမသွားချင်ဘူး ကိုးချစ်က ''

ကိုကိုခန့်က မျက်နှာငယ်နဲ့ပြောတော့ မေမေက မနေနိုင် ...
ကိုးချစ်ကို လိုက်ဖို့ရာ တိုက်တွန်းတော့သည်။

နောက်ဆုံးတော့ ကိုးချစ်က မျက်စောင်းတထိုးထိုးနဲ့ ကားပေါ်ပါလာတာမို့ မင်းခန့်ညား စိတ်ကျေနပ်ရသည်။

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Where stories live. Discover now