Ep_1

5.4K 138 8
                                    


" ဒီနေ့အပြင်သွားပြီး မြေးလေးကိုခေါ်သွားမယ်ဆို "

အပြင်သွားရင်ဘာလေးဝယ်ခဲ့ပေး၊ညာလေးဝယ်ခဲ့ပေးဆိုပြီးချွေးမဖြစ်သူစုယွဲ့ယွဲ့ကခိုင်းအုံးမှာဆိုတာသိလို့ ဉီးဝမ်ကျိုလင်ကရေနွေးကြမ်းတစ်ငုံမော့သောက်ရင်း စကားပြန်ပြောလိုက်တယ်။

" အင်း ဟုတ်တယ်။ငါ့ကိုဘာဝယ်ခဲ့ပေး၊ညာဝယ်ခဲ့ပေးလို့ဖုန်းဆက်မမှာနဲ့၊ငါကငါ့ငယ်သူငယ်ချင်းအိမ်မှာကြာကြာနေမှာမို့ နင်လိုချင်တဲ့ဟာတွေကို ငါဝယ်မပေးနိုင်ဘူး။ စကားမဆပ်ငါ့မြေးကိုပါခေါ်သွားမှာ ကြားတယ်နော် "

ဉီးဝမ်ကျိုးလင်ကပြောပြီးလို့အပေါ်ထပ်ကိုတန်းတက်သွားတော့ စုယွဲ့ယွဲ့သက်ပြင်းချမိသား။

မြေးနှစ်ယောက်ရှိတာကို၊အကြီးကောင်လေးကိုပဲချစ်နေတာ။မြေးအငယ်အတွက်တမရားဘူးလို့တော့ထင်တာပဲ။ပြောသာပြောရတာ၊တကယ်ကျလည်း စုယွဲ့ယွဲ့ရဲ့သားအငယ်ကောင်ကလည်းလိမ္မာပါတယ်၊ဘာလို့များအငယ်ကောင်ကိုသိပ်မချစ်ရတာလဲ။

_________________________

" ငါ့မြေး ပျင်းနေလား။ "

အဘိုးဖြစ်သူစကားကြောင့် မြေးဖြစ်သူဝမ်ရိပေါ်ကခေါင်းခါပြလိုက်တော့ အဘိုးဖြစ်သူကကောင်းတယ်ကောင်းတယ်ဆိုပြီးပြောကာ ခေါင်းညိမ့်ပြလာတယ်။

တကယ်ကျပျင်းတာပေါ့၊သူလည်းလူငယ်ပဲ၊ပျော်ချင်ကဲချင်တာပေါ့။မိဘတွေမသိအောင်သူငယ်ချင်းတွေနဲ့သွားသောက်မယ်ကြံတုန်း ဘိုးဘိုးကခဏအပြင်လိုက်ခဲ့ပါဆိုလို့ လိုက်သွားရတာ။

ဘိုးဘိုးကရဲတိုက်ကြီးလောက်ရှိတဲ့အိမ်ကြီးတစ်အိမ်ကိုခေါ်လာတာ၊အိမ်ထဲဝင်ပြီးဆိုတည်းကြမ်းပြင်မှာဖုန်တောင်မရှိဘူး၊လုံးဝသန့်ပြန့်ချောမွေ့နေတာပဲ။

ဆိုဖာကလည်းအကြီးကြီးပဲ၊လူလေးယောက်၊ငါးယောက်စာထိုင်ရတာ။စားပွဲခုံဆိုအကြီးကြီး၊သောက်စရာတွေအဆင်သင့်ချထားသည်။

" သူငယ်ချင်းဝမ်ကျိုးလင် "

" ဟာ ငါ့ကောင်ရှောင်းဖုန်း "

သူငယ်ချင်းနှစ်ယောက်တွေ့တာနဲ့နှုတ်ဆက်ကာဖက်ကြတော့တာပဲ။ဘိုးဘိုးရှောင်းဖုန်းကို ရိပေါ်ကြားဖူးပြီသား၊ဘိုးဘိုးရဲ့သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးတဲ့။

ကိုယ့်ရဲ့ထာဝရနေမင်ကြီး  ( Completed ) Where stories live. Discover now