Ep_23

1.6K 60 1
                                    

" ကျန့်ကျန့်အပိုင်ပြန်ဖြစ်ပေးနိုင်မလား ကိုကို "

နေကြာပန်းခင်းကြီးထဲမှာကျန့်ကျန့်ဆိုသောကောင်ငယ်လေးသူသိပ်ချစ်ရတဲ့ကိုကိုရှေ့ရပ်ကာစကားဆိုပြောလာတယ်။

" ကိုကိုကအမြဲတမ်းကျန့်ကျန့်အတွက်ပါ "

ရိပေါ်ကကျန့်ကျန့်ရဲ့လက်နှစ်ဖက်ကိုနှုတ်ခမ်းလေးဖြင့်ငုပ်နမ်းရင်းကျန့်ကျန့်ကိုကြည့်လိုက်တော့ကျန့်ကျန့်ကရှက်ပြုံးလေးပြုံးရင်းခေါင်းညိမ့်နေတယ်။လက်ကလေးနမ်းပြီးလို့၊ခေါင်းငုပ်ကာရှက်နေတဲ့ကျန့်ကျန့်ကိုမေးဖျားလေးကနေဆွဲယူကာ နှုတ်ခမ်းကိုနမ်းခါနီးလေးအတွင်းမှာ~~~~~~

မဟုတ်ဘူး!!!မဟုတ်ဘူး!

လန့်လန့်ဖြင့်ဝမ်ရိပေါ်အိပ်မက်နေလန့်နိုးလာရတယ်။

ဒါကဘယ်လိုအိပ်မက်ကြီးလဲ?

အိပ်မက်ထဲမှာရှောင်းကျန့်ကိုနမ်းမိတော့မလို

လန့်နိုးသွားလို့တော်သေးတာပေါ့

မဟုတ်ရင်တော့~~~~~

သူကိုယ်သူရူးမိမှာအမှန်။

_________________________

ရှောင်းကျန့်ကိုမြင်မိရင်မနက်ကမက်ခဲ့တဲ့အိပ်မက်ကိုပဲပြန်ပြန်မြင်ယောင်မိလို့ရှောင်းကျန့်နဲ့ထိပ်တိုက်မတွေ့အောင်တစ်ချိန်လုံးရှောင်နေမိတယ်။ခါတိုင်းဆိုသူအလုပ်သွားရင်ရှောင်းကျန့်ကိုပါတစ်ခါတည်းအလုပ်ခေါ်သွားတာ။အခုတော့မခေါ်ရဲတော့လို့ကိုယ်ဘာသာအမြန်လစ်ထွက်လာရတယ်။ရှောင်းကျန့်နဲ့စောစောစီးစီးမတွေ့ချင်လို့မှအလုပ်ကိုတန်းထွက်လာတာပါဆိုမှ ရိပေါ်အခန်းထဲမှာရပ်စောင့်နေသောရှောင်းကျန့်ကြောင့် ကျစ်ဆိုပြီးနှုတ်ကနေရှောင်း
ကျန့်မကြားအောင်တိုးတိုးလေးထွက်မိသွားတယ်။

ရှောင်းကျန့်ကသူဖျော်ထားတဲ့ကော်ဖီကိုအကိုသောက်လို့ရအောင်ဆိုပြီးအဆင်သင့်ဖျော်ကာစားပွဲပေါ်တင်ပေးတော့အကိုကဘာမှမပြန်ပြောသလို၊ထိုင်ခုံမှာထိုင်ပြီးရုံးအလုပ်တွေစလုပ်တော့သည်။ကော်ဖီကိုသေသေချာလေးကောင်းအောင်ဖျော်ထတာကြောင့်အကိုကသောက်တဲ့အခါဘယ်လိုများပြောမလဲဆိုတာသိချင်လို့ရှောင်းကျန့်ကအကိုရှေ့မှာရပ်ပြီးကော်ဖီသောက်မှာကိုစောင့်နေလိုက်တယ်။

ကိုယ့်ရဲ့ထာဝရနေမင်ကြီး  ( Completed ) Where stories live. Discover now