Ep_25

1.4K 65 4
                                    


အနောက်ကနေဖက်ထားရာကနေအကိုဝမ်ကဖြေးညှင်းစွာလွှတ်ပေးလိုက်တော့ ရှောင်းကျန့်ကတစ်ဖြေးဖြေး အကို့ဘက်လှည့်ကာ အကို့မျက်ဝန်းတွေကိုတစ်မိမ့်စိမ့်ကြည့်မိတယ်။အကိုကရှောင်းကျန့်ပါးပြင်လေးကိုနူးညံ့စွာထိတွေ့ကိုင်ရင်း ရှောင်းကျန့်နှုတ်ခမ်းကို သူ့နှုတ်ခမ်းဖြင့်အသာလေးနမ်းခါနီး ....

ဖြတ်ခနဲတံခါးကိုဖွင့်ပြီးဝင်လာသောအန်တီစုယွဲ့ယွဲ့။

" ရှောင်းကျန့် နင်ထပ်ပြီးငါ့သားကိုဖျားယောင်းနေတာလားဟမ် !!! "

" ကျွန်တော်ကသာအရင်စတာပါ ရှောင်းကျန့်အမှားမပါဘူးအမေ "

အကိုကရှောင်းကျန့်ရှေ့ရပ်ကာရှောင်းကျန့်လက်ကလေးကိုတွဲထားပြီးပြောတော့အရင်အချိန်တုန်းကအကို့ကရှောင်းကျန့်ကိုကာကွယ်ပြီးပြောတာလေးကိုသတိရမိသွားကာ ရှောင်းကျန့်ပြုံးလိုက်မိတယ်။ဒီလိုကျလည်းအကိုကဘယ်ဆိုးလို့လဲ~~~~

ရှောင်းကျန့်ကပြုံးနေတာ ကြည့်စမ်း ကြည့်စမ်း
စိတ်တွေတိုလိုက်တာ အားးးး ဒါကစုယွဲ့ယွဲ့ကိုတမင်ရွဲ့ပြုံးပြတာများအသိသာကြီး!!! သူ့သားကကာကွယ်ပြီးပြောပေးနေတာကိုရှောင်းကျန့်ဆိုတဲ့ကောင်ဆိုးကကြိတ်ပျော်နေတာများ။သားဝမ်ကရှောင်းကျန့်လက်ကိုတွဲထားတာကိုစုယွဲ့ယွဲ့ကိုယ်တိုင်ဖြုတ်လိုက်ပြီး ရှောင်းကျန့်ကိုပါးတစ်ချက်ရိုက်ပစ်လိုက်တယ်။

" အမေ !! ဒါဘာလုပ်တာလဲ? ကျွန်​တော်ပြောပြီးပြီလေဗျာ !! ရှောင်းကျန့်ကအရင်မဖျားယောင်ရပါဘူးကျွန်တော်ဘက်ကအရင်စတာပါ "

" ရပါတယ်အကို ကျန့်ကျန့်ဘာမှမဖြစ်ပါဘူး။အန်တီစုယွဲ့ယွဲ့အခုလိုပါးရိုက်လည်းစိတ်မဆိုးပါဘူး၊ဒါပေမယ့် တစ်ခုတော့ရှိပါတယ်အန်တီ ဘာမှမသိဘာမှမမြင်ပဲနဲ့ ပြောချင်တာကိုပဲပြောပြီးအပြစ်မပြောပါနဲ့ ကျန့်ကျန့်ကပြန်ပြောနေတာလည်းမဟုတ်ရပါဘူး အန်တီ ! "

" နင်ကများ ! ဟဲ့ နင့်ကိုသနားလို့အိမ်ပေါ်ခေါ်တင်ထားတာနော် ! အဖေကလည်းသေ ! အမေကလည်းနောက်လင်ငယ်နဲ့ဆိုတော့ ငါ့အဖေကနင့်ကိုခေါ်တင်ထားတယ်ဆိုတာခေါင်းထဲတွေးအုံး ! "

ကိုယ့်ရဲ့ထာဝရနေမင်ကြီး  ( Completed ) Where stories live. Discover now