Ep_20

1.4K 66 2
                                    


မနေ့တည်းကစပြီးရှောင်းကျန့်ကစကားလုံးဝမပြောတော့ပေ။အလုပ်မှာဆိုလည်းဘာစကားမှမပြော။သူကိုမြင်ရင်ရှောင်းကျန့်ကပဲရှောင်ဖယ်ရှောင်ဖယ်နဲ့ထွက်သွားတာ။ဘာလားပဲ အဟက် စိတ်ဆိုးရမှာသူလေ! ဘာလို့ရှောင်းကျန့်ကစိတ်ဆိုးနေရတာလဲ?အမေပြောသလိုမင်းကအရင်ကအကျင့်ဆိုးတယ်မပျောက်သေးတာပဲ၊ကိုယ်ကိုယ့်ကိုယ်အခုထိသူဌေးသားမှတ်နေသလားပဲနော်။ဒီကိစ္စမှာသူမှမမှားတဲ့အတွက်လုံးဝမတောင်းပန်နိုင်ဘူး၊တောင်းပန်ရမယ်သူကမင်းပဲ ရှောင်းကျန့်။ရှောင်းကျန့်ကိုခေါ်ခဲ့လို့အတွင်းရေးမှုးဖုန်းကိုဆက်ကာပြောလိုက်တော့ မကြာပါဘူး တံခါးခေါက်ကာဝင်လာတဲ့ရှောင်းကျန့်။

မျက်နှာကစိတ်ပျက်တာလိုလိုဘာလိုလိုနဲ့ အမယ်။
သူကကြီးပဲပြန်တောင်းပန်ရမလားမသိပါဘူး။မင်းတကယ်မလွယ်ဘူးပဲ ရှောင်းကျန့်။

" ငါကော်ဖီသောက်ချင်တယ် ဖျော်ခဲ့ "

" ကျန့်ကျန့်ကအကိုရဲ့အတွင်းရေးမှုးမဟုတ်တဲ့အတွက် ကော်ဖီဖျော်ပေးလို့မရပါဘူး။အလုပ်သင်တစ်ယောက်ပဲရှိသေးတာပါ "

" အတွင်းရေးမှုးမဟုတ်လည်းငါကမင်းဖျော်တဲ့ကော်ဖီပဲသောက်ချင်တာ သွားဖျော် "

" အကိုတမင်သက်သက်ကျန့်ကျန့်ကိုခိုင်းချင်လို့ခိုင်းတာမလား။အကိုဘာတွေမကျေနပ်တာလဲ !!! မကျေနပ်တာပြောလေ "

အကိုကထိုင်ရာကနေထပ်ရပ်ပြီးကျန့်ကျန့်ကိုလက်ညိုးထိုးကာ ပြောလာသည်~~~~~

" အေး မကျေနပ်တာကမနေ့ကကိစ္စပဲ မင်းကဘာကိစ္စစိတ်ဆိုးရတာလဲဟမ် စိတ်ဆိုးရမှာကငါလေ မင်းမဟုတ်ဘူးလေ "

" မနေ့ကကိစ္စနဲ့ပတ်သတ်ပြီးစိတ်ဆိုးတာမဟုတ်ပါဘူး။အဖေမရှိ၊အမေကလင်ငယ်နဲ့ဆိုတော့စကားကိုကျန့်ကျန့်ကစိတ်ဆိုးတာပါ အကိုအရင်ကကားတိုက်ပြီးဆေးရုံကို၂နှစ်တိတိတက်ခဲ့ရတာကလည်း ကျန့်ကျန့်အပြစ်ဆိုတာ ကျန့်ကျန့်သိပါတယ်။အဲ့အတွက်လည်း အကိုမကျေနပ်တာလဲမှန်ပါတယ် အကိုခိုင်းချင်သလောက်ခိုင်းပါအကို ဒါပေမယ့်အခုလိုတော့မပြောနဲ့လေ ကျန့်ကျန့်မေမေလင်ငယ်နေလည်းဘာဖြစ်လို့လဲ အကို့ကိုထိခိုက်နေလို့လား ဖေဖေဆုံးတာလည်းဘာဖြစ်လို့လဲ ကျန့်ကျန့်မိသားစုဘာဖြစ်ဖြစ် အကိုနဲ့ဘာဆိုင်လဲ "

ကိုယ့်ရဲ့ထာဝရနေမင်ကြီး  ( Completed ) Where stories live. Discover now