Ep_29

1.2K 55 5
                                    

" ဘိုးဘိုးမြေးဝမ်ရိပေါ်ကိုကျန့်ကျန့်အခုချိန်ထိဘယ်လိုသဘောထားလဲ? "

ရုတ်တစ်ရက်ကြီးဆိုသလိုဘိုးဘိုးကပြောလာတော့ ရှောင်းကျန့်ကြောင်အသွားရတယ်။အခုချိန်ထိဘယ်လိုသဘောထားလဲဆိုအမ်~~~~~အကို့ကချစ်စကားဆိုလာတည်းကကျန့်ကျန့်ကအကို့ပေါ်အရင်ကခံစားချက်တွေပြန်ပေါ်လာတော့တာပဲ။ဒါပေမယ့်ကျန့်ကျန့်နဲ့မှအကိုကမဖြစ်နိုင်တဲ့အတွက် ကျန့်ကျန့်လိမ်ညာရင်းသာဖြေလိုက်ရတယ်။

" အကိုတစ်ယောက်လိုပါပဲ ဘိုးဘိုးရယ် "

အစောကဘိုးဘိုးအခန်းရှေ့ဖြတ်သွားနေရင်း ဘိုးဘိုးကကျန့်ကျန့်ကိုမေးနေတဲ့မေးခွန်းကြောင့်ရိပေါ်အခန်းရှေ့မှာရပ်ရင်းကျန့်ကျန့်အဖြေကိုခိုးနားထောင်လိုက်တယ်။

ကျန့်ကျန့်ကသူ့ကိုဆက်ချစ်နေသေးတယ်ဆိုတဲ့အဖြေကိုမျှော်လင့်ထားခဲ့တာ၊ဒါပေမယ့်မျှော်လင့်ထားသလိုမဟုတ်ပဲကိုယ့်ကိုအကိုတစ်ယောက်လိုပါပဲဆိုတဲ့စကားကိုကြားရတည်းက ကျန့်ကျန့်အပေါ်ဒေါသထွက်မိသလို စိတ်လည်းဆိုးမိတယ်။ကျန့်
ကျန့်ကလည်းသူ့ကိုပြန်ချစ်မယ်လို့ထင်ထားလို့ ကျန့်
ကျန့်ဆီကအဖြေကိုစောင့်နေခဲ့တာလေ၊အပိုတွေ၊ဝမ်ရိချန်းကိုချစ်ရင်ချစ်တယ်ပြောတယ်မပြေဘူး၊အလကားနေမျှော်လင့်ချက်တွေလာပေးနေတယ်။
ဆက်နားမထောင်ချင်တော့လို့အောက်ထပ်ကိုသာအမြန်ဆင်းလာလိုက်ရတယ်။

" ကျန့်ကျန့်သွားရင်သွားတော့လေ ဘိုးဘိုးအနားယူချင်ပြီ "

" ဟုတ်ကဲ့ဘိုးဘိုး ဒါဆိုကောင်းကောင်းအနားယူပါနော် "

သူ့ကိုကျန့်ကျန့်ကစောင်လေးသေချာခြုံပေးပြီးအခန်းထဲကနေထွက်သွားသည်။

_______________________

" အကိုရိပေါ် ! "

အကိုရိပေါ်လို့ခေါ်တော့အကို့ကဘာမှပြန်မပြောပဲဒေါသမီးတောက်နေတဲ့မျက်ဝန်းတွေဖြင့်စိုက်ကြည့်လာလို့ ကျန့်ကျန့်ခေါင်းငုပ်ရင်းအပြင်ထွက်ခါနီး~~~အကို့က"နေအုံး " ဟုပြောလာလို့ကျန့်ကျန့်ခြေလှမ်းတွေရပ်ပြီး အကို့ကိုပြန်လှည့်ကြည့်လိုက်ရင်းအကိုရှေ့မှာရပ်နေလိုက်သည်။

ကိုယ့်ရဲ့ထာဝရနေမင်ကြီး  ( Completed ) Where stories live. Discover now