Ep_31

1.3K 50 1
                                    


ကျန့်ကျန့်ဆန္ဒအတိုင်းပင်လယ်ကမ်းခြေမှာလက်ထပ်ပွဲကျင်းပချင်တယ်ဆိုတော့ရိုးရှင်းပြီးသူ့ဟာနဲ့သူသပ်သပ်ရပ်ရပ်လေးဖြစ်အောင်ပြင်ဆင်ထားလိုက်ရသည်။ကိုယ့်သူငယ်ချင်းတွေရယ်၊ကိုယ့်ဆွေမျိုးရယ်၊ကျန့်ကျန့်ဘက်ကသူငယ်ချင်းရယ်ပဲဖိတ်ထားလိုက်တယ်။ထိုင်ခုံရော၊စားပွဲခင်းတွေကအစအဖြူရောင်ပဲခင်းထားလိုက်တယ်။ဒါပဲဒီလောက်ပဲ၊အမေစုယွဲ့ယွဲ့ကတော့လာတဲ့သူမှန်သမျှကိုဧည့်ဝတ်ကျေကျေဧည့်ခံပြုကျွေးမွေးနေတာကို ရိပေါ်ကြည့်ရင်း ဘေးကနေသူငယ်ချင်းတွေရောက်လာတယ်။ရှန်းချိုးကအရင်စကားစလာ​သည်။

" သားကြီး ဂုဏ်ပြုပါတယ်ကွာ ဒါနဲ့စကားမဆပ်ရှောင်းကျန့်ဆိုတဲ့ကောင်လေးကိုဘယ်လိုစချစ်မိသွားတာလဲ​ "

ပြန်ဖြေမို့ရှိသေးသတိုးသားလေးရှောင်းကျန့်ကလက်ကိုင်ပန်းစည်းသေးသေးလေးကိုင်ပြီးရိပေါ်ဆီဖြေးညှင်းစွာလျှောက်လှမ်းလာတော့ ဘေးကသူငယ်ချင်းတွေကအလိုက်သိသိဖြင့်နေရာဖယ်ပေးကြရင်း ထောင့်နားလေးမှာရပ်နေတယ်။

ယုန်သွားလေးတွေပေါ်အောင်ပြုံးရင်းသူ့ဆီလျှောက်လှမ်းနေတဲ့ရှောင်းကျန့်ကိုငေးမိသည်။ကျန့်ကျန့်ကိုဘယ်ချိန်ကစချစ်မိသွားလဲဆိုတော့ ~~~~ ကျန့်ကျန့်ရဲ့အရင်ကခပ်စွာစွာအပြုမှုလေးရယ်၊ပြီးတော့ မုန့်စားရင်အမြဲပလုတ်ပလောင်းစားနေတာလေးရယ်၊ကျန့်ကျန့်ကအနားကပ်လာရင် ရိပေါ်ရင်ခုန်သံတွေထိန်းမရအောင်ပဲခုန်လာတယ်။ဝမ်ရိချန်းအနားမှာရှိနေတာမြင်ရင်လည်းမသိစိတ်ထဲကနေသဝန်တိုမိပြီးကျန့်ကျန့်ကိုစိတ်ခဏခဏဆိုးမိတယ်။ကျန့်ကျန့်ကအနားမှာမရှိတည်းက ကျန့်ကျန့်ကိုချစ်မိပြီဆိုတာကိုယ်ကိုယ့်ကိုယ်သိလိုက်ရတဲ့အချိန်မှာ ကျန့်ကျန့်အချစ်ကိုပြန်ရအောင်စကြိုးစားတော့ပါပဲ။အခုတော့ရှောင်းကျန့်ကိုပိုင်ဆိုင်ရမယ့်အချိန်ရောက်ရှိလာပြီ။

" ဒီကသတိုးသားဝမ်ရိပေါ်ဘက်ကအရင်ဒီစာဖက်ပြီးကတိပြုပေးပါ "

" စာဖက်ပြီးမပြောချင်လို့ ကျွန်တော်စိတ်ထဲရှိတာကိုပဲပြောပါရစေ "

ဖာသာကခေါင်းညိမ့်ပြလာလို့ရိပေါ်ကမိုက်လေးကိုင်ကာကျန့်ကျန့်ကိုပြုံးပြုံးလေးငေးကြည့်ရင်းပြောလိုက်မိတယ်။

ကိုယ့်ရဲ့ထာဝရနေမင်ကြီး  ( Completed ) Where stories live. Discover now