Ep_11

1.1K 59 7
                                    


" ရှောင်းကျန့်က ဝမ်အိမ်တော်မှာဘယ်လောက်လောက်ကြာကြာနေမှာလဲ! "

သမီးလေးချူးမိန့်စကားကြောင့် သက်ပြင်းခပ်ဖွဖွချလိုက်မိပါရဲ့။

ယောင်္ကျားဖြစ်သူက " ကျန့်လုမေကနိုင်ငံခြားကိုမပြန်မချင်း ရှောင်းကျန့်ကိုအိမ်မှာမထားပါနဲ့ " ဆိုတဲ့ကတိပေးထားလို့ ချူးရင်ရင်က ရှောင်းကျန့်ကိုပြန်ခေါ်လာဖို့အဆင်သင့်မဖြစ်သေးဘူးရယ်။

ဝမ်အိမ်တော်မှာနေရင်လိမ္မာမှာပဲလေ။ရှောင်းကျန့်ကလည်းသိပ်ဆိုးတဲ့ကလေးမဟုတ်တော့ဝမ်အိမ်တော်မှာနေရတာသူ့ဟာနဲ့သူတစ်ယောက်တည်းနေရတာအဆင်ပြေတယ်လို့ထင်မိတယ်။

_______________________

ကျောင်းကပေးထားတဲ့အိမ်စာတွေမပြီးသေးလို့ အိမ်စာထိုင်လုပ်နေတုန်းကအောက်ထပ်ကနေမမချူးမိန့်အသံကြားတာကြောင့် ဘယ်သူမှအသံမကြားအောင်ရှောင်းကျန့်ကအောက်ထပ်ဆင်းလိုက်သည်။ထို့နောက်ကိုကိုနဲ့မမ မမြင်အောင် တိုင်နောက်မှာရပ်ကာချောင်းကြည့်နေလိုက်တယ်။

အောက်ထပ်မှာကိုကိုကမမချူးမိန့်နဲ့စကားတွေပြောရင်းအပြုံးတွေကအသက်ဝင်နေတယ်။ကိုကိုမေမေကလည်းမမအပေါ်ကျသမီးလေးသမီးလေးနဲ့ကောင်းကောင်းမွန်မွန်ဆက်ဆံပေးတယ်။

ကျန့်ကျန့်အပေါ်ကျရော?

ကိုကိုမေမေကကောင်းကောင်းမွန်မွန်ဆက်ဆံမပေးနိုင်လည်းရပါတယ်။အဓိကကိုကိုကကျန့်ကျန့်တစ်ယောက်တည်းအပေါ်သာကောင်းကောင်းမွန်မွန်ဆက်ဆံပေးပြီးဂရုစိုက်ရင် ပြီးတာပဲကို။

မမနဲ့အတူတူကိုကိုကထိုင်ပြီးစာလုပ်နေတော့ ကျန့်ကျန့်စိတ်ထဲနည်းနည်းတော့မကြိုက်ဘူး။

စာလုပ်တာကဘာတွေများရီစရာပါလို့?ကိုကိုနဲ့မမကအားရပါရရီနေရတာလဲ?ပြီးတော့မမရီပုံရီနည်းကလည်းလက်ကလေးအုပ်ပြီးရယ်နေတာက ရှက်သလိုလိုဘာလိုလိုနဲ့~~~~~ဘာလားပဲ။

ကိုကိုအနားကိုဘယ်သူမှမကပ်စေရဘူး။

ကိုကိုအနားကပ်တဲ့သူမှန်သမျှကျန့်ကျန့်နဲ့တွေ့တာပေါ့လေ။

" ကိုကို ! "

စာအုပ်တွေအကုန်လုံးကိုလက်ထဲမှာပိုက်ပြီးအောက်ကိုဆင်းလာတဲ့ရှောင်းကျန့်ကြောင့် ရိပေါ်စိတ်ထဲမှာ"ဒီကလေးကစာအုပ်တွေသယ်ပြီးအောက်ကိုဘာလို့ဆင်းလာတာလဲ " ဟုတွေးမိသား။

ကိုယ့်ရဲ့ထာဝရနေမင်ကြီး  ( Completed ) Where stories live. Discover now