Ep_26

1.3K 61 6
                                    


ရှောင်းကျန့်ကသူ့ဒေါ်လေးချူးရင်နဲ့သူ့အမချူးမိန့်ကိုခေါ်ပြီးတိုက်ခန်းမှာစပြောင်းရွှေ့နေသွားတယ်ဆိုပြီးသတင်းကိုကြားသိရသည်။အရင်တုန်းကရှောင်းကျန့်နေခဲ့တဲ့အိမ်လေးကိုပဲလွမ်းဆွတ်ခြင်းဖြင့်ခဏခဏဝင်ဝင်ကြည့်မိတယ်။အလုပ်ထဲမှာဆိုလည်းသူ့ကိုမြင်တာနဲ့ရှောင်းကျန့်ကရှောင်နေတော့တာပဲ၊ကိုယ်ကစကားပြောဖို့ခေါ်တိုင်းရှောင်းကျန့်ကအကြောင်းပြချက်အမျိုးမျိုးရှာပြီးထွက်သွားသည်။

ဘာဆက်လုပ်ရမှန်းတောင်မသိဘူး~~~~

ရှောင်းကျန့်ကသူ့အပေါ်အေးတိအေးစက်နဲ့ဆက်ဆံတာကလုံးဝအဆင်မပြေဘူး၊ကိုယ်ကမေးတခွန်း၊ရှောင်းကျန့်ကဖြေတခွန်း~~~~~စိတ်ဆိုးနေတာလားလို့​​မေးလိုက်ချင်ပေမယ့်လည်း မမေးရဲဘူး။

________________________

" သမီးလုပ်ရက်ကတော်တော်ကိုအောက်တန်းကျသွားပြီ "

ဟာ အဖေကတော့လုပ်ပြန်ပြီ~~~~~ရှောင်းကျန့်ဘက်ပါပြီ။ဇွတ်ဝင်ပြောနေတယ်၊အဲ့တာကြောင့်ပြောပါတယ်လူကြီးတွေဘာမှမသိရင်ဝင်မပါပါနဲ့ဆိုတာလေ ဝင်ပါရင်စိတ်တွေရှုပ်လွန်းလို့~~~~~

သမီးဖြစ်သူကမျက်နှာအီမှန်းထားသလိုမဲ့ရှုတ်နေပြီးဆိုဖာပေါ်ငြိမ်ငြိမ်လေးထိုင်နေတယ်။ရိပေါ်ကလည်းမနေ့ကကိစ္စအကုန်ပြောပြပြီးလို့အမှန်တိုင်းသိရတယ်ရယ်။ကိုယ်သာစုယွဲ့ယွဲ့ကိုမေးလိုက်ရင်လျှောက်လိမ်ဖြေအုံးမှာ!အထိန်းတော်ကြီးချိုးချိုးနဲ့သူ့တူမချင့်ချိုးကလည်းအကျင့်မကောင်းဘူး။

ရှောင်းကျန့်ကိုစုယွဲ့ယွဲ့ကအရင်ကအကျင့်တွေ
ကြောင့်ကြည့်မရပါဘူးဆိုမှအဲ့တာကိုတူကြီးနှစ်ယောက်ကသခင်မလေးသခင်မလေးနဲ့အနားနားကပ်ပြီးရှောင်းကျန့်ရဲ့မဟုတ်မှန်တဲ့မကောင်းသတင်းပြောနေတာ။ရှောင်းကျန့်ကိုအစတည်းကကြည့်မရပါဘူးဆိုမှအခုလိုတွေသွားပြောနေတော့ရှောင်းကျန့်ကိုပိုကြည့်မရပြီးမုန်းနေပြီလေ။

ကိုယ်ကဆုံးမရင်တောင်နားမထောင်တော့ဘူး။

" အဖေသာဘာသိလို့လဲ? အဲ့ကောင်လေးကကျွန်မသားအနားကပ်နေတာလေ ! ကျွန်မသားကို ဖြားယောင်းတာလေ ~~ "

ကိုယ့်ရဲ့ထာဝရနေမင်ကြီး  ( Completed ) Where stories live. Discover now