Ep_9

1.1K 62 3
                                    


ကတိပေးပါတယ်ဆိုတည်းကရှောင်းကျန့်ကတောက်လျှောက်သူ့အနားမှာကပ်တော့တာပဲ။စာလုပ်နေလည်းကိုကိုလို့ခေါ်လိုက်၊ဖုန်းကြည့်နေလည်း ကိုကိုရေ၊နေ့ခင်းကျတစ်ရေးလောက်အိပ်မယ်ကြံသေး ကိုကိုရေ ကျန့်ကျန့်အခန်းထဲလာလို့ရလား ​ပြောသေးတာ! အနားမှာပဲအမြဲကပ်နေတော့ ဘယ်လိုပထုတ်ရမှန်းမသိ။

အခုလည်း Tv ကြည့်နေတုန်းကျန့်ကျန့်ကညအိပ်ဝတ်စုံလေးဝတ်ပြီးခွေးအရုပ်လေးပိုက်ကာဘေးနားလာထိုင်တော့ဘာမှမပြောပဲtvကိုသာအာရုံစိုက်ကြည့်နေတာ။ကိုယ့်ကိုဘေးကနေပြုံးပြုံးကြီးထိုင်ကြည့်နေလည်းမသိချင်ယောင်ဆောင်ရတာ၊မနေနိုင်တော့လို့ ပြောလိုက်တော့မှ ကိုကို့ကိုငေးကြည့်တာသဘောကျလို့တဲ့လေ။

ကဲမပြောတော့ဘူး မင်းသဘောကွာ ၊

" ကိုကို ! "

ကိုကိုကTvကိုကြည့်ရင်း " အင်း ပြောလေ " ဆိုပြီးပြောတော့ ရှောင်းကျန့်စိတ်ထဲသိပ်မကျေနပ်ဘူး။ကိုကိုကTvပဲကြည့်နေတော့ Tvကလာတဲ့ဇာတ်လမ်းတွဲကအရေးကြီးတာလား၊ကျန့်ကျန့်ကအရေးကြီးတာာလားလို့မေးလိုက်ချင်ပေမယ့်လည်း ကိုကိုအနှောက်ယှက်ဖြစ်သွားမှာဆိုးလို့မမေးရဲ။

ဘာပဲဖြစ်ဖြစ်ကိုကိုအနားမှာအခုလိုငြိမ်ငြိမ်လေးနေနေရတာကိုပဲကျန့်ကျန့်ကျေနပ်ပါပြီ။

ကိုကိုပခုံးကျယ်ကြီးတွေပေါ်ကျန့်ကျန့်ခေါင်းမှီပြီအိပ်ချင်လိုက်တာကိုကိုရယ်။ကိုကိုပခုံးပေါ်ခေါင်းလေးမှီပြီးအိပ်ရရင်သိပ်ကောင်းမှာပဲ ကိုကို။

စဉ်းစားတာကြာတယ်၊လက်တွေ့ကိုကိုပခုံးပေါ်ခေါင်းမှီပြီးအိပ်လိုက်တော့မယ် ဟွန့် !

ကျန့်ကျန့်ကအရုပ်ကလေးပိုက်ရင်းကိုကို့ပခုံးပေါ်ခေါင်းလေးမှီတော့ ကိုကိုကစိုက်ကြည့်လာတာကို ကျန့်ကျန့်သတိထားမိသား။ကိုကိုကသူ့ပခုံးပေါ်ကျန့်ကျန့်ကခေါင်းမှီပြီအိပ်တာကိုဘာမှပြန်မပြောပဲ Tvပြန်ကြည့်တော့ အလွန်ပျော်သွားရတယ်။

ဒါကဒို့ကိုကိုလေ ! ဒို့ကိုကိုကသိပ်အလိုလိုက်တာပဲ

_________________________

ကိုယ့်ရဲ့ထာဝရနေမင်ကြီး  ( Completed ) Where stories live. Discover now