Ep_17

1.2K 64 2
                                    


ဒီနေ့လည်းဆေးရုံမှာအိပ်စောင့်ပေးဖို့ရှိပေမယ့် အကိုကရုံးအလုပ်တွေကိုအပြီးပြတ်လုပ်ဆိုလာသောကြောင့် ရှောင်းကျန့်ကအိမ်စောစောပြန်ပြီးရုံးအလုပ်တွေကိုစားပွဲပေါ်တင်လုပ်နေရတယ်။အကိုဝမ်ရိချန်းကရှောင်းကျန့်ဘေးမှာထိုင်ပြီးရုံးအလုပ်တူတူကူလုပ်ပေးနေတော့အားနားရတယ်။ရပါတယ်လို့ပြောလည်းအကိုဝမ်ရိချန်းကလက်မခံပေ၊အတင်းကူလုပ်ပေးနေတာ၊စာရင်းတွေလည်းမှတ်ပေးနေတာကြောင့် ရှောင်းကျန့်က အလွန်ကျေးဇူးတင်ရမလိုဖြစ်နေသည်။

ညနေတည်းကဘာမှမစားပဲရုံးအလုပ်ကြီးပဲတစ်နေ့ကုန်ထိုင်လုပ်နေတော့အခုည၁၁ထိုးကြီးဗိုက်ကဆာလာပြန်တယ်။ခေါက်ဆွဲဘူးလေးတွေ၊အအေးဘူးလေးတွေဝယ်ထားပေးမယ့်၊ခေါက်ဆွဲပြုတ်ဖို့ ရေနွေအိုးကိုကျဝယ်ဖို့မေ့ခဲ့တာ။အကိုဝမ်ရိချန်းက ဝမ်အိမ်တော်မှာရေနွေးအိုးရှိတယ်တဲ့၊ပြီးတော့စားပွဲပေါ်မှာ နေ့လည်ကဝယ်ထားတဲ့ပေါင်မုန့်ထုပ်နဲ့ပန်းသီးလည်းရှိတယ်ဆိုတော့ ဝမ်အိမ်တော်ထဲတိတ်တိတ်လေးဝင်ပြီးသွားစားရုံပဲရှိတော့တယ်။

ဒေါ်လေးစုယွဲ့ယွဲ့ကကျန့်ကျန့်မျက်နှာမမြင်ချင်ဘူးတဲ့၊အဲ့တာကြောင့်ဝမ်အိမ်တော်ထဲလုံးဝဝင်မလာပါနဲ့ဆိုပြီးပြောလည်း မတက်နိုင်တော့ဘူး။ဗိုက်အရမ်းဆာနေပြီ၊ဘာပဲဖြစ်ဖြစ်ဒီချိန်သွားလည်းဒေါ်လေးနဲ့တွေ့မှာမဟုတ်ဘူးလေ၊ဝမ်အိမ်တော်ထဲကလူတွေအကုန်လုံးအိပ်နေပြီပဲကို၊ရှောင်းကျန့်လည်း ဘယ်သူမှအသံမကြားအောင် ဝမ်အိမ်တော်ထဲဝင်ကာရေနွေးအိုတည်းဖို့အတွက်ဆိုပြီးရေနွေးအိုးခလုတ်ဖွင့်ကာ တည်းလိုက်တယ်။စောင့်နေရင်းဗိုက်ဆာလာလို့ အကိုဝမ်ရိချန်းပြောတဲ့စားပွဲပေါ်ကပေါင်မုန့်ထုပ်နဲ့ပန်းသီးတွေလည်းမြင်တာနဲ့ စားချင်လာပြီ။ပန်းသီးကိုအရင်အဆာပြေစားမယ်ဟုတွေးတောပြီး ပါးစပ်ထဲပန်းသီးတေ့ကာကိုက်ရုံပဲရှိသေး " မင်းကသူခိုးလား " ဟုပြောလာတဲ့လူကြောင့် ပန်းသီးကိုစားပွဲပေါ်ပြန်ထားပြီး ထိုလူကိုကြည့်လိုက်တော့ အကိုဝမ်ရိပေါ်ဖြစ်နေတယ်။

အကိုကရေချိုးပြီးခါစဆိုတော့ဆံပင်လေးတွေစိုနေပြီး ရင်အုပ်ကျယ်ကြီးတွေကလည်းတောင့်တောင့် တင်းတင်းဆိုတော့ အားကိုးချင်စရာ။အောက်ပိုင်းကိုတဘတ်ပတ်ထားပြီးရေစိုနေတဲ့ဆံပင်ကိုလည်း လက်ဖြင့်အသာလေးခါပြီးရပ်နေတော့ တွေ့သမျှလူမှန်သမျှငေးမောမိမှာအမှန်။

ကိုယ့်ရဲ့ထာဝရနေမင်ကြီး  ( Completed ) Where stories live. Discover now