Ep_14

1.2K 64 1
                                    


သူလာပြီ သူလာပြီ~~~~~~

ဝမ်အိမ်တော်ထဲကိုပထမဆုံးအကြိမ်ပြန်လည်ပြီးခြေလှမ်းစလှမ်းတဲ့အချိန်မှာကိုယ့်ကိုကွက်ကြည့်ကြနေတဲ့သူတွေ။ဤအကြည့်တွေကရှောင်းကျန့်ကိုမကောင်းကြောင်းပြောနေတဲ့အကြည့်တွေနဲ့တူသလိုပဲ။

တချို့ကွက်ကြည့်နေတဲ့လူတွေကဆိုရင် " ဟဲ့ အဲ့ဒီကောင်လေးကလေ အရမ်းဆိုးတာလေ ငါတို့အိမ်ကသခင်မလေးကိုတောင်ပြန်ပြောတာတဲ့ အရင်ကဂြိုလ်ဆိုးလေးကအခုပြန်ရောက်နေပြီဟ " ဆိုသော တီးတိုးသံတွေကို ရှောင်းကျန့်ကြားနေရတယ်။

ကျန့်ကျန့်ကအရင်လိုဆိုးသွမ်းပြီးတဇွတ်ထိုးဆန်တဲ့လူမျိုးမဟုတ်တော့ပါဘူးဆိုတာကိုပြောလိုက်ချင်ပေမယ့်လည်းယုံကြမယ့်သူတွေမရှိပါဘူးရယ်။

ရှောင်းကျန့်ကပြန်လာပြီဆိုတဲ့သတင်းက အထိန်းတော်ကြီးချိုးချိုးကလာပြောပြမှ ဒေါ်စုယွဲ့ယွဲ့တစ်ယောက်သိရတာ!အဟွန့်အဖေကလည်း ဒီကောင်လေးလည်းအရွယ်ရောက်နေပြီပဲ ဘာလို့ဆက်ပြီးအိမ်ပေါ်ထားနေမှာလဲ?သူ့အကြောင်းလည်းသိရက်သားနဲ့အဖေကအိမ်ပေါ်တင်ထားချင်နေတာ။တကယ့်ပါပဲ ဒီအဖေနဲ့တော့!

" မတွေ့တာကြာပြီနော် ဒါပေမယ့်နင်ကတော့နည်းနည်းလေးတောင်မပြောင်းလဲဘူးပဲ။ "

ဒေါ်လေးစုယွဲ့ယွဲ့ကအထိန်းတော်ကြီးချိုးချိုးနဲ့ဘေးချင်ကပ်ရပ်ကာလက်ပိုက်ပြီး စကားစပြောလာတယ်။ထပ်ပြီးဒေါ်လေးကစပြောလာသည်။

" နှုတ်ဆက်ရကောင်းမှန်းလည်းမသိဘူး "

ထိုသို့ပြောလိုက်မှ ရှောင်းကျန့်ကခေါင်းငုပ်ပြီး " ဒေါ်လေးစုယွဲ့ယွဲ့ကိုတွေ့ရတာထပ်ဝမ်းသားပါတယ် " ဆိုကာပြောလာတော့တယ်။တွေ့လား?အကျင့်ကိုကအစ မကောင်းဘူး။ရိုသေမှုလည်းမရှိဘူး၊လူကြီးတစ်ယောက်ကိုမြင်ရင်နှုတ်ဆက်ရမယ်ဆိုတာလည်းမသိဘူး၊အခုတောင်ကိုယ်ကပြောပြမှ နှုတ်ဆက်လာတယ်တော့၊အမလေး အံ့ဩပ့!

သေချာတယ် ဒီကောင်လေးရောက်လာပြီဆိုတော့ သူတို့အိမ်မအေးချမ်းတော့ဘူး။

" ဟိုလေ အကိုဝမ်ရောဟင် အကိုဝမ်ရိပေါ်က
ဘယ်မှာလဲဟင် "

ရှောင်းကျန့်ကပဲရိုးရိုးသာပြောလိုက်တာ ဒေါ်လေးစုယွဲ့ယွဲ့နဲ့အထိန်းတော်ကြီးချိုချိုရယ် သူ့တူမချင့်ချိုးတို့ကမျက်နှာပျက်ကြပါလေရော။သုံးယောက်စလုံးက စိတ်တိုတိုဖြင့်သက်ပြင်းတွေချပြီး ရွံရှာတဲ့အကြည့်တွေနဲ့ထပ်ကြည့်လာပြန်ပြီ။ချင့်ချိုးကဘေးကနေ ဒေါ်လေးစုယွဲ့ယွဲ့ကိုမြောက်ပေးနေပြန်သည်။

ကိုယ့်ရဲ့ထာဝရနေမင်ကြီး  ( Completed ) Where stories live. Discover now