Ep_5

1.4K 76 5
                                    


" ကိုကို့ကိုလာတင်းတောင်တာ !!! "

စနေနေ့ဆိုတော့အေးဆေးနားမယ်ကြံကာရှိသေး၊သူ့အိမ်ကိုရောက်လာတဲ့ရှောင်းကျန့်။နေပါအုံးအထက်တန်းကျောင်းတွေကစနေနေ့ကျောင်းဖွင့်တယ်လို့ ရိပေါ်ကြားထားတယ်။ကျောင်းမသွားဘူးလား!

ကျန့်ကျန့်ကကျောင်းဝတ်စုံနဲ့ရောက်ချလာတာဆိုတော့ကျောင်းများဆင်းတာလား။မဟုတ်သေးပါဘူးအခုမှ၁၂ပဲရှိသေးတာကို၊ဘယ်လိုလုပ်စောစောဆင်းမှာလဲ!ကျောင်းပြေးလာတာလား။

" mine " ဆိုသည့်စာတန်းသေးသေးလေးထိုးထားသည့်လက်စွပ်ကိုသူ့လာပေးတယ်။

" ကျန့်ကျန့်အပိုင်ဖြစ်ပေးနော် ကိုကို "

" ဟုတ်ပါပြီ ကိုကိုကအမြဲတမ်းကျန့်ကျန့်အပိုင် "

ကိုကို့ကကျန့်ကျန့်ခေါင်းလေးကိုအသာဖွကာပြောတော့ကျန့်ကျန့်ကနောက်ဆုတ်လိုက်တေ့ ကိုကိုလက်တွေကအလိုလိုရပ်တန့်သွားတယ်။ကိုကိုကဘာဖြစ်တာလဲဆိုသောအကြည့်ဖြင့်ကြည့်လာသည်။

ကိုကိုကကျန့်ကျန့်ကိုညီလေးတစ်ယောက်လိုသဘောထားတယ်ဆိုတာကျန့်ကျန့်သိတယ်။အခုလိုပြုမှုနေတာကလည်းကျန့်ကျန့်ကိုညီလေးတစ်ယောက်လိုခင်လို့ ဆိုတာပဲ။

ဟင့်အင်း ကိုကို့ညီလေးဖြစ်ချင်တာမဟုတ်ဘူး။
ကိုကို့ချစ်ရတဲ့ကိုကို့ကလေးဖြစ်ချင်တာ။

ကိုကိုကဒါကိုမသိဘူး ဟွန့် !!!

နောက်ဆုံးတော့လည်းကိုကိုကကျန့်ကျန့်ကိုပြန်ချစ်လာမယ်ဆိုတာကျန့်ကျန့်သိတယ်။အဲ့တာကြောင့်ကိုကို့ကိုချစ်တဲ့အချစ်တွေကအမြဲတမ်းပိုလာတယ်။

" လက်စွပ်မဝတ်ဘူးလားဟင် "

တိုးတိုးလေးပြောပြီးခေါင်းလေးငုပ်သွားတော့ ကျန့်ကျန့်သဘောအတိုင်း ရိပေါ်လည်းလက်စွပ်လေးကိုဘယ်ဘက်လက်သကြွယ်မှာလက်စွပ်ဝတ်လိုက်တယ်။

လက်စွပ်ဝတ်ထားတာကိုပြတော့ကျန့်ကျန့်ကယုန်သွားလေးနှစ်ချောင်းပေါ်လွင်သည်အထိပြုံးရယ်ပြလာပြန်သည်။

" ကိုကိုကျောင်းပြန်လိုက်ပို့ပေးမယ် "

" ဟင့်အင်း ကျန့်ကျန့်အဆူခံရမှာကြောက်တယ် ကိုကို "

ကိုယ့်ရဲ့ထာဝရနေမင်ကြီး  ( Completed ) Where stories live. Discover now